Friday, 27 December 2013
Easy Unrar Unzip & zip premium v2.9 (android ဖုန်းထဲမှာ zip file တွေဖွင့်မယ်)
Android မှာ zip ဖိုင်နဲ့ rar ဖိုင်အမျိုးအစားတွေကို ဖြည်ထုတ် ပေးတဲ့ apk ဖြစ်ပါတယ်.. Online မှာ တင်ထားတဲ့ ဖိုင်တော်တော်များများကို zip, rar ဖိုင်တွေနဲ့ ချုံ့ထားလေ့ရှိကြပါတယ်.. ဒီ App က နိုဝင်ဘာလက နောက်ဆုံးထွက်ထားတာဖြစ်ပြီး တောင်းထားတဲ့ မိတ်ဆွေအတွက်နဲ့ အခြား လိုချင်သူများအတွက်ပါ.. Google Play မှာတော့ ယူရိုငွေ 0.50 ကျသင့်မှာဖြစ်ပါတယ်..
မှတ်ချက်  OS : Android 1.6+  အထက်ရှိမှရမှာပါ.....
လိုချင်ရင်တော့အောက်မှာ လင့် နှစ်ခုပေးထားပါတယ်..ကြိုက်ရာကဒေါင်းပါ..
Thursday, 26 December 2013
အစ္စလာမ်ကပြောသောကိုယ်ကျင့်တရား (မွဖ်တီဂျာဖရ်)
window 8.1 မှာ system rating ဘယ်လိုလုပ်မလဲ
window 8.1 မှာ system rating လုပ်ကြရအောင် )  ကဲစကြရအောင် ဒီ system rating က windows အသစ်တင်လိုက် တိုင်းမှာ မဖြစ်မနေလုပ်ပေးရမဲ့ လုပ်ကိုလုပ်ပေးရမယ့် window feature တစ်ခုပါ။ ဘာဖြစ်လို့ လုပ်ကိုလုပ်ရမယ် လို့ ပြောရလဲဆိုတော့ ကျွန်တော်လေ့လာမိသလောက် ကျွန်တော် Online ပေါ်မှာ ကျွန်တော့ရဲ့ Blogger အကိုကြီးတွေ ပြေပြချက်အရ system rating မလုပ်ထားရင် RAM memory တွေ အပြည့်အဝ အလုပ်မလုပ်တာတွေ | Graphic memory တွေ အလုပ်မလုပ်တော့ game ဆော့လို့မကောင်းတာတွေ ကိုသွားတွေ့တယ် နောက်ပြီး system rating ကိုလုပ်မယ်ဆိုရင် battery power လုပ်လို့မရပါဘူး charger တပ်ပြီး လုပ်မှရပါတယ်     အရင် windows တွေမှာ ပါပေမဲ့ window 8.1 မှာတော့ ဒီ system rating လို့ခေါ်တဲ့ Windows Experience Index feature ကပါ မလာပါဘူး
တစ်ခြား ပါမလာတဲ့ feature တွေ ၅ ခုလောက် ရှိပါသေးတယ် ကယ်လုပ်ကြည့်ရအောင် syatem rating မလုပ်ခင် အရင်ဆုံး this PC /Local Disk C / window / performance /WinSat / DataStore 
DataStore ကိုဖွင့်လိုက် system rating မလုပ်ရသေးရင် အဲဒီ folder ထဲမှာဘာမှမရှိပါဘူး။ပြီးသွားရင် အဆင့်ဆင့်ပြန်ထွက်လိုက်ပါ။ ပထမဆုံး
 window+R
Wednesday, 25 December 2013
Paypal အကောင့်အလွယ်ဖွင့်ကြရအောင်
paypal အကောင့် တည်ဆောက်နည်းပါ။ ဒီနေရာမှာနိုင်ငံခြားမှာရှိနေတဲ့ မိတ်ဆွေတွေကတော့ paypal
အကောင့် ကိုအလွယ်တစ်ကူဖွင့် နိုင်ပါတယ်။(ဘာအခက်အခဲမှမရှိပါဘူး) မြန်မာပြည်ကမိတ်ဆွေတွေအနေနဲ့ ကတော့  နဲနဲခက်ဲပါတယ်။အခန့် မသင့် ရင်တော့ limited လုပ်တာကိုခံရမှာဖြစ်ပါတယ်။ပထမတစ်ခေါက်တုန်းက
ဖော်ပြပေးခဲ့ ဘူးပါတယ် error တွေတက်လို့ ပြန်ဖျက်ပေးခဲ့ ဘူးပါတယ်။အခုတောာ့အဆင်ပြေမယ်နည်းလမ်းတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတတယ်။
မြန်မာပြည်ကမိတ်ဆွေတွေအနေနဲ့ paypal အကောင့် ကိုလုပ်မယ်ဆိုရင်အရင်ဆုံးpoxy ကျော်ရမှာဖြစ်ပါတယ်။poxy ကျော်နည်းကို ဒီမှာ အရင် ဝင်လုပ်ပေးပါ။ ကျန်တဲ့ နိုင်ငံခြားကမိတ်ဆွေတွေကတော့ ဘာမှလုပ်စရာမလိုပါဘူး။
အောက်ကအတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။မြန်မာပြည်ကမိတ်ဆွေတွေအတွက်ကတော့  60 % လောက်ပဲခန့် မှန်းပါတယ် ။ကြိုးစားချင်တယ်ဆိုရင်တော့ အောက်ကအတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။
(အဆင့် -၁ ) paypal အကောင့် ကို sing up လုပ်ရန် https://www.paypal.com/  သို့ သွားလိုက်ပါ။sign up ကိုနိပ်ပါ။
Friday, 20 December 2013
ခြေဖ၀ါး ကွဲနေသူများ
ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်
=======================================
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။
How to Fix Dry Cracked Feet
အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။
Facebook အကောင့် အပြီး ဖျက်နည်း
ဖေ့ဘွတ်အကောင့် ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး ဒီလင့်ကို ၀င်လိုက်ပါ.....။
ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........
ပေါ်လာတဲ့ထဲ က Submit ကိုကလစ်ပါ.............
နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါ က သင်ရဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ...။
(မှတ်ချက်) မိမိဖျက်လိုက်သောလည် အကောင့်မှာ ချက်ချင်မပျက်ပါ 45ရက်ကြာမှ အပြီးတိုင်းပျက်ပါလိမ်မယ် အဲဒါတော့ ဖေ့ဘုတ်ရဲ့ အားနည်းချက်တစ်ခုပေါ့) 
                                      ဇော်မင်းသန်း
Wednesday, 18 December 2013
Laptop မှာ Wifi သုံးလို့မရတဲ့ ပြဿနာကို ဖြေရှင်းနည်း စာအုပ် 2:56:00 am ဘလော့ခရီးသည် No comments
  -Laptop မှာ Wifi ချိတ်ဆက်သုံးလို့မရတဲ့
သူများအတွက် ဒီစာအုပ်လေးကို ဖတ်ရှုလေ့လာလုပ်ဆောင်ကြည့်လိုက်ပါ။
(Credit "Pyae Thaw)
                               စာအုပ်အားဒေါင်းရန်
iPhone 4S နှင့် iPhone 5 အချို့တွင် iOS 7 သို့ဗားရှင်း မြှင့်တင်ချိန်တွင် Message Center နံပါတ်ပျောက်ခြင်းများ ဖြစ်ပေါ်နိုင်
iPhone 4S နှင့် iPhone 5 အချို့တွင် အသစ်ထွက် OS Version ဖြစ်သော iOS 7.0.4 သို့
ဗားရှင်းမြှင့်တင်ချိန်တွင် အချို့သောဖုန်းများ၌ ဖုန်းအတွင်းရှိ Message Center နံပါတ် ပျောက်သွားခြင်းများ ရံဖန်ရံခါ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
ယင်းကဲ့သို့ Message Center နံပါတ်ပျောက်သွားခြင်းများ ဖြစ်ပေါ်လာသော ဖုန်းများတွင် Message ပို့၍မရနိုင်တော့ ပြဿနာများ ဖြစ်ပေါ်လာနိုင်သော်လည်း အဆိုပါ အခက်အခဲနှင့် ပြဿနာအား ဖုန်းအသုံးပြုသူများမှ မိမိတို့ကိုယ်တိုင် အလွယ်တကူပြန်လည် ဖြေရှင်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Message Center နံပါတ် ပျောက်သွားသော ဖုန်းများအနေဖြင့် မိမိတို့ဖုန်းများ၏ ဖုန်းခေါ်ဆိုရာ Keypad နေရာတွင် *5005*7672*+95959300 03# အား ရိုက်ထည့်ကာ Call ကိုနှိပ်လိုက်ရမည် ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ ရိုက်ထည့်လိုက်ပါက ဖုန်းတွင် Successful ဟုပေါ်လာမည်ဖြစ်ပြီး လုပ်ဆောင်ချက် ပြီးမြောက်ပါကဖုန်းမှ Message စမ်းသပ်ပို့သင့်ကြောင်း သိရသည်။
Message ပို့၍ရပြီဆိုပါက ထပ်မံပြုလုပ်ရန် မလိုအပ်တော့သော်လည်း Message ပို့၍မရသေးပါက ဖုန်းအားပါဝါခေတ္တပိတ်ကာ ပြန်လည်ဖွင့်ကြည့် ရမည်ဖြစ်သည်။ ဖုန်းပြန်လည် ပွင့်လာချိန်တွင် Message ပြန်လည်ပို့ကြည့်ပါက အဆင်ပြေနိုင်မည် ဖြစ်ကြောင်းသိရသည်။ ဖုန်းအားပါဝါ ပိတ်ကာပြန်ဖွင့်ပြီးချိန်ထိ Message မထွက်သေးပါက နောက်တစ်ကြိမ်
ပြန်လည်ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ဖြစ်ခြင်းမှာ ဗားရှင်းတင်ပြီးချိန်တွင် ဖြစ်တတ်သော ပြဿနာတစ်ခုသာဖြစ်ပြီး အများအားဖြင့် Jailbreak ပြုလုပ်ထားသော ဖုန်းများတွင် ပိုမိုဖြစ်တတ်ကြောင်း သိရသည်။ Jailbreak ပြု လုပ်ထားသော ဖုန်းများမှာ ဖုန်းတွင်းရှိ အချက်အလက်များ အားလုံးနှင့်တကွဆော့ဖ်ဝဲများ၊ ဂိမ်းများအားလုံး ပျက်စီးသွားနိုင်သည့် အပြင် ယင်းကဲ့သို့ Message Center နံပါတ်များပါ ပျောက်ကွယ်သွားခြင်းများပါ ဖြစ်တတ်ကြောင်း သိရသည်။ Jailbreak မပြုလုပ်ထားသော အချို့သောဖုန်းများတွင်လည်း ရံဖန်ရံခါ ယင်းကဲ့သို့ပြဿနာများ ဖြစ်ပွားတတ်ကြောင်း သိရသည်။
  Ref : အင်တာနက်ဂျာနယ်- အတွဲ (၁၄)၊ အမှတ် (၄၉)
                                    www.winkabarkyaw.net
Tuesday, 17 December 2013
တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင်
တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင် ====================================
      သစ်ပင်အားအနီးကပ်မြင်ရပုံ(၁)
အဲဒီသစ်ပင်ကို တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်
 ဟာ ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့ ယိမ်းညွှတ်ခဲ့တဲ့အတွက် နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင် အသက်ရှင်လျက်ရှိနေပါတယ်။ အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ပင်တည်းနှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နေခြင်းပါ။ အဲဒီသစ်ပင်အကြောင်း သိရ်မီဇီကျမ်း အဗ်ဝါးဗွလ်မရာကိဗ်အခန်းမှာပါရှိပါတယ်။ ဆွဟာဗဟ်ကြီး အဗူမူစာအရှ်အရီက ဆင့်ပြန်ပို့ချထားခြင်းဖြစ်ပါတယ်။ တမန်တော်မြတ် صلى الله عليه وسلم သက်တော် ၁၂ နှစ် အရွယ်ဖြစ်ပါတယ်။ ဘကြီးတော်အဗူသွာလိဗ်က ကုရိုက်ရှ်မျိုးနွယ်စုခေါင်းဆောင်များနဲ့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆီးရီးယားသို့သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တမန်တော်မြတ်ကလည်း အတူလိုက်လိုကြောင်းပြောပါတယ်။ အဲဒါနဲ့တမန်တော်မြတ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များရဲ့အဆိုအရ ခရစ်သက္ကရာဇ် 582 ခုနှစ်အချိန်မှာဖြစ်ပါတယ်။ တမန်တော်မြတ်လိုက်ပါလာတဲ့ ကုန်သည်အုပ်စုဟာ ဗိုင်သွလ်မုကဒ်ဒပ်စ် (ဂျေရုစလင်)မြောက်ဘက် ဒမက်စကတ်မြို့အနီးရှိ ဗွတ်စ်ရာအမည်ရှိဒေသသို့ရောက်တဲ့အခါ အရွက်ထူထည်းပြီးအရိပ်ကောင်းတဲ့အပင်တစ်ပင်အနားမှာ အဗူသွာလစ်ဗ်ဟာ အစီးအနင်းကနေဆင်းလိုက်ပါတယ်။ ကျန်တဲ့ခရီးဖော်အားလုံးဟာလည်း အရိပ်မှာအနားယူဖို့ အစီးအနင်းတွေကနေဆင်းကြပါတယ်။ အဲဒီခေတ်အခါမှာ အဲဒီနေရာဟာ ရောမအုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အပင်နဲ့မနီးမဝေးမှာ ခရစ်ယန်ဘုရားကျောင်းတစ်ခုလည်းရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ (သုံးပါတစ်ဆူဝါဒကိုလက်မခံဘဲ တစ်ပါးတည်းအရှင်ကိုသာ လက်ခံကိုးကွယ်လျက်ရှိတဲ့) ခရစ်ယန်ဘုန်းကြီးတစ်ပါးတရားကျင့်လျက် သတင်းသုံးနေပါတယ်။ ဘုန်းကြီးရဲ့ဘွဲ့မှာ (Bahira) ဗဟီရာဖြစ်ပြီး အဓိပ္ပာယ်က သန့်ရှင်းသူလို့ရပါတယ်။ အမည်အရင်းက SERGIUS စရ်ဂျီးစ် (သို့) ဂျရ်ဂျီးစ်လို့ခေါ်ပါတယ်။ ဗဟီရာဟာ အင်ဂျီလ်ကျမ်း လေးကျမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရှင်တစ်ပါးလည်းဖြစ်ပါတယ်။ အင်ဂျီလ်ကျမ်းကို သင်ကြားပို့ချနေသူလည်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုသေလေးစားခံရတဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ သူဟာ ဆွဟာဗဟ်ကြီး စလ်မာန်ဖာရစီရဲ့ ယခင်ဆရာဟောင်းလည်းဖြစ်ပါတယ်။
Saturday, 14 December 2013
စလာမ်ပေးယူခြင်းဆိုင်ရာ စွန္နသ်အာဒါးဗ်
စလာမ်ဟူသည်(၁) အရှင်မြတ်အားတသခြင်း
                   (၂)ဆုံတွေ့ သူအားသတိပေးခြင်း
                   (၃)ညီနောင်မွတ်ဆလင်နှင့်ခင်မင်ဆက်သွယ်မှုရှိကြောင်းဖေါ်ထုတ်ခြင်း
                   (၄(ကျွန်ုပ်၏နှုတ်၊လက်ကြောင့် အသင့်အားမည်သို့ မျှဒုက္ခမရောက်စေရပါဟုကတိပေးခြင်း
                        တို့ ဖြစ်သည်။
စကားမပြောမီစလာမ်စပေးရမည်။စလာမ်သည်အရှင်မြတ်၏နာမတော်ဖြစ်သည်။ငြိမ်းချမ်းသာယာမှုအပေါင်း
ချီးမြှင့်တော်မူသောအရှင်ဟု အစိပ္ပါယ်ရသည်။
အခါဦးစွာစလာမ်ဆက်သ၏။မလာအိကဟ်များက စလာမ်ကိုဖြေကြားတုံပြန်ကြသည်။ စလာမ်ဆိုခြင်းသည်စွန္နသ်  တုံ့ ပြန်ခြင်းသည်ဝါဂျစ်ဗ်  စလာမ်ဖြေကြားမှူသည်စလာမ်ပေးသည်ထက်သာပိုကောင်းမွန်ရမည်။
ကာဖွရ်
ဟဂ်ျရီအတ်စ်ဝဒ်(ကျောက်နက်တုံး)၏ထူးခြားဆန်းကျယ်ဖြစ်ရပ်
ဟဂ်ျရီအတ်စ်ဝဒ်ကျောက်နက်တုံး၏ထူးခြားဆန်းကျယ်ဖြစ်ရပ်များ ကအ်ဗဟ်ကျောင်း နံရံတွင် ကပ်ထားသည့် ငွေဖြင့် ခိုင်ခံ့စွာ ကွပ်ထားသော အနက်ရောက် ကျောက်တုံးအား ဟဂ်ျရိ အတ်စ်ဝဒ် ဟုခေါ်သည်။ ၎င်း ကျောက်နက်တုံး သည် သမိုင်း တစ်လျောက် တွင် အလွန် ထူးဆန်း အံ့ဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ် ခဲ့ပြီး ကြီးမားသည့် ပြောင်းလဲ မှုများ ဖြစ်ခဲ့သည်။ အစ္စလာမ့် သမိုင်း သုတေသီ များက ရေးသား ကြသည်မှာ- ဤ ကျောက်နက်တုံး သည် တမန်တော် အာဒမ် (အလိုင်ဟိစ် စလာမ်) နှင့် အတူ မြေပြင် ပေါ်သို့ ကောင်းကင် မှ ကျရောက် ခဲ့၏။ ၎င်းသည် ဂျန္နသ် မှ ကျောက်တုံး တစ်တုံး ဖြစ်၏။ အလ္လာဟ် အသျှင်မြတ် (စွဗ်ဟာနဟူ ၀သအာလာ) သည် ၎င်းကို မိမိ၏ လက္ခဏာတော် တစ်ရပ် အနေဖြင့် ချပေးတော် မူခြင်း ဖြစ်၏။ ဟဇ်ရသ် အိဗ်နေ့ အဗ္ဗာစ် (ရဿွိ ယလ္လာဟု အန်ဟု) သခင် ဆင့်ပြန် ခဲ့သည်မှာ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) မိန့်တော် မူခဲ့၏။ ဤကျောက်နက်တုံး သည် ကောင်းကင် မှ ကျရောက် ချိန်တွင် နို့ထက်ပင် ပို၍ ဖြူဆွတ် နေ၏။ ၎င်းကို လူတို့၏ အပြစ် ဂိုနာဟ် များက အမည်း ဆိုးလိုက် ကြ၏။ အချို့ ပညာရှင် ကြီးများ၏ အဆိုမှာ- နူးဟ် (အလိုင်ဟိစ္စလာမ်) ၏ ခေတ် သမယ တွင် ရေလွှမ်းမိုး ချိန်၌ ဤ ကျောက်နက်တုံး ကို ဂျိဗ်ရာအိလ် (အလိုင်ဟိစ္စလာမ်) ကောင်းကင် တမန် သည် အဘူ ကူဘိုင်း(စ) တောင်တွင် ထိန်းသိမ်း ခဲ့ပြီး တမန်တော် အိဗ်ရာဟီးမ် (အလိုက်ဟိစ္စလာမ်) ၏ ခေတ်တွင် တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က ကျောင်းတော် အား အသစ် ပြန်လည် မွမ်းမံ ဆောက်လုပ်သော အခါ ဂျိဗ်ရာအီးလ် (အလိုက်ဟိစ္စလာမ်) ကောင်းကင် တမန် သည် ၎င်းတောင် မှ ပြန်လည် ယူဆောင် လာခဲ့ ပေသည်။ အချို့ အာလင်မ် သာသနာ့ ပညာရှင်ကြီး များ၏ အဆိုမှာ- တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က ကျောင်းတော် ကို ပြန်လည် ဆောက်လုပ် ရာတွင် ယခု ၎င်း ကျောက်နက် အား ချိတ်ဆွဲ ထားသည့် အမြင့်လောက် ရောက်ချိန်တွင် မိမိ သားတော် အိစ်မာအီးလ် (အလိုက်ဟိစ္စလာမ်) အား သွဝါးဖ် လှည့်သူများ သွဝါးဖ် စတင် လှည့်ရန် အမှတ် အသား အဖြစ် ကျောက်တုံး တစ်တုံး ရှာဖွေ စေရာ ဂျိဗ်ရာအီးလ် (အလိုက်ဟိစ္စလာမ်) ကောင်းကင် တမန် က နူးဟ် (အလိုက်ဟိစ္စလာမ်) ၏ ခေတ် ရေလွှမ်းမိုး ချိန်တွင် အလ္လာဟ် အသျှင်မြတ် (စွဗ်ဟာနဟူ ၀သအာလာ) အမိန့်ဖြင့် အဘူ ကူဘိုင်းစ် တောင်တွင် ထိန်းသိမ်း ထားသော ဟိဂ်ျရိ အတ်စ်ဝဒ် ကို ပေးအပ် လိုက်လေသည်။ သို့ရှိရာ တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် ၎င်းနံရံထောင့် တွင် တပ်ဆင် ခဲ့လေသည်။ “ပြဿနာ တစ်ရပ် ပေါ်ခဲ့ခြင်း” တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ခေတ် အခါ သမယ နောက်ပိုင်း တွင် အာရဗ် လူမျိုး တို့၏ ကျော်ကြားသော အမျိုး အနွယ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကြီး အား ပြန်လည် မွမ်းမံ၍ မူလ နေရာ ချထား ရာ၌ ကြီးများသည့် ပြဿနာ တစ်ရပ် ဖြစ်ပွား ခဲ့၏။ ၎င်း ပြဿနာ ဖြစ်ရခြင်း အကြောင်းမှာ မက္ကာမြို့ ရှိ မျိုးနွယ်စု တိုင်းမှ ဤ မွန်မြတ် လှသော အခွင့် အရေးကို ရယူလို သောကြောင့် ဖြစ်၏။ နောက်ဆုံး အခြေ အနေ မှာ တစ်မျိုးနွယ် နှင့် တစ်မျိုးနွယ် တိုက်ခိုက် ကြ တော့မည့် ဆဲဆဲ ဖြစ်ခဲ့ ရ၏။ နောက်ဆုံးတွင် အားလုံး တညီ တညွတ်တည်း ဖြင့် နောက် တစ်နေ့ နံနက်၌ ကျောင်းတော် သို့ အစောဆုံး လာရောက် သူသည် ၎င်း အခွင့် အရေး ရမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြ လေသည်။ နောက် တစ်နေ့ နံနက်တွင် ကျောင်းတော် သို့ အစောဆုံး ရောက်ရှိလာ သူမှာ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ဖြစ်နေ၍ မွန်မြတ်သော အခွင့် အရေးကို ရရှိ ခဲ့၏။ ကိုယ်တော် သည် ဟဂ်ျရိ အတ်စ်ဝဒ် အား ခြုံစောင် ထဲတွင် ထည့်စေ၍ မျိုးနွယ် ခေါင်းဆောင် များအား မ စေသည်။ ကျောက်တုံး အား ထားရန် နေရာသို့ ရောက်ရှိ လာသော အခါ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) သည် မိမိ၏ လက်တော်ဖြင့် ၎င်း ကျောက်တုံး အား ကျောင်းတော် ၏ နံရံတွင် တပ်ဆင် လိုက်လေသည်။
Friday, 6 December 2013
အမေးအတွက်အဖြေ
လူငယ်တစ်ဦးဟာ နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ ပညာလေ့လာပြီးနောက်
မွေးရပ်မြေကိုပြန်ရောက်လာတယ်။အဲဒီအခါ သူက မိဘတွေကို ဘာသာရေးပညာမှာ နှံ့စပ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးရှာပေးဖို့ ပြောတယ်။
ဘာလို့လဲဆိုတော့ သူ့မှာ အလွန်ဖြေရခက်တဲ့ မေးခွန်းသုံးခု မေးစရာရှိလို့တဲ့။ ဒါနဲ့ သူ့ရဲ့မိဘတွေက နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ ဆန္ဒအတိုင်း သာသနာ့အသိပညာရှိသူတစ်ဦးကို ရှာဖွေပြီး တွေ့တာနဲ့ အိမ်ကို ခေါ်လာခဲ့
တယ်။
" ခင်ဗျား ဘယ်သူလဲ၊ ကျွန်တော်မေးမယ့် မေးခွန်းတွေကိုရော
ဖြေနိုင်ပါ့မလား "
" ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျွေးကျွန်တစ်ဦးပါပဲ။
အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ခင်ဗျားရဲ့မေးခွန်းတွေကို
ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကဲ - မေးစရာရှိတာမေးပါ "
" သေချာရဲ့လားဗျာ။ ကျွန်တော်မေးခွန်းတွေကို ပေ၇ာ်ဖက်ဆာတွေနဲ့
ပညာ၇ှင်တွေတောင်မှ မဖြေနိုင်လို့ လက်မှိုင်ချခဲ့တာဗျ "
" မေးချင်တာမေးစမ်းပါ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ကျွန်တော်
ဖြေနိုင်မှာပါ "
" ကောင်းပြီလေ၊ ကျွန်တော်မေးချင်တာက
ကုရ်အာန် ဗဟုသုတများ..
ကုရ်အာန် ဗဟုသုတများ........
၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။
အဖြေ >>>၁၀ - နှစ်
၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသနည်း။
အဖြေ >>>မက္ကာမြို့
၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။
အဖြေ >>>၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
၎။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
အဖြေ >>>စူရဟ် ဖွာတေဟာ
၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
အဖြေ >>>စူရဟ် အလ်ဖွာတေဟာ
၆။စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
အဖြေ >>>၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။
၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။
အဖြေ >>>မရ်ယမ်သခင်မ
ကိယာမသ်ရဲ့ နမိတ်လက္ခဏာများ..
တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ ကိယာမသ်မဖြစ်ခင်အလျင် ၎င်း၏ထင်ရှားသေား လက္ခဏာကြီး (၁၀)ချက်အားမြင်တွေ့ခြင်းမရှိပဲ ကိယာမသ်လုံးဝဆိုက်ရောက်လာမည်မဟုတ်ပေ ထို့နောက် အောက်ပါ (၁၀) ချက်ကိုတင်ပြသည်
၁ မီးခိုးထွက်ခြင်း
၂ ဒဂ်ျဂျာလ် ထွက်ပေါလာခြင်း
၃ လည်ပင်းရှည်လျားသေားသတ္တဝါထွက်ပေါလာခြင်း
၎ အနောက်အရပ်မှနေထွက်ခြင်း
၅ ဟဇရသ် အီစာ (အ) ဆင်းသက်လာခြင်း
၆ (ယအ်ဂျုးဂ်ျ) (မအ်ဂျုးဂ်ျ) ထွက်ပေါလာခြင်း
၇ နေသုံးကြိမ်ကြတ်ခြင်း အရှေ့အရပ်တွင်တစ်ကြိမ်
၈ အနောက်အရပ်တွင်တစ်ကြိမ်
၉ အရဗ်ကျွန်းဆွယ်တွင်နေကြတ်ခြင်း
၁၀ ၎င်းတို့၏ နောက်ဆုံးလက္ခဏာမှာ ယမန်နိုင်ငံမှ ထွက်ပေါလာမည့် မီးတောက်မီးလျံဖြစ်သည် ၎င်းမီးသည် လူသားအားလုံးအား စုရုံးရမည့်နေရာသို့ စုရုံးစေလိမ့်မည်
(မွတ်စ်လင်မ်ကျမ်း)
အစ္စလာမ်သာသနာတွင်လူပြန်ဝင်စားခြင်းလုံးဝမရှိပ
အစ္စလာမ်သာသနာတွင်လူပြန်ဝင်စားခြင်းလုံးဝမရှိပါ
အစ္စလာမ်သာသနာသည်ပြီးပြည့်စုံသောသာသနာဖြစ်သည်အစစအရာရာအတွင်းကျကျလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကတည်းက အလ္လာဟ်အရှင်မြတ်ကအမိန့်ရှိထားပြီးဖြစ်ပါသည်
လူတစ်ယောက်မွေးဖွားလာလျင် ရိုင်သွာန်တစ်ကောင်ပါမွေးဖွားသည် လူသားနှင့်အတူဟမ်ဇားဒ်သည်တစ်ခါတည်းပါလာသည်
ထိုဟမ်ဇားဒ်သည်ကျွန်ုပ်တို့လူပုံစမ်ဖြသ်သည် လူ့ခန္ဓာသည်ထုထည်အားဖြင့်ထူသည် ထိုဟမ်ဇားဒ်သည်ပါးလွှာသည်
်ထိုဟမ်ဇားဒ်သည် ပျံသန်းလျက်ကမ္ဘာတစ်ဖက်စွန်းမှအခြားတစ်ဖက်စွန်းထိသွားလာနိုင်သည်
အလွန်တရာမြင့်သေားတောင်ကုန်းများအပေါ်မှမြေခုနှစ်ထပ်အောက်ဆုံးသို့သွားလာ၍သမုဒ္ဒရာတို့၏နက်ရိုင်းမှသတင်းများကိုယူဆောင်လာနိုင်သည
လေးလံသေားအရာများကိုမိုင်းပေါင်းထောင်ချီ၍အလွယ်တကူမယူလာနိုင်သည
မြေ၌မြုပ်နှံထားသေားရှေးဟောင်းသိုက်များကိုအသိပေးနိုင်သည်
သံနှင့်ကျောင်တံတိုင်းများမှဖြတ်သန်းနိုင်သည်
ဤသည်အလ္လာဟ်အရှင်မြတ်ဖန်ဆက်းထားသော ကျွန်ုတို့လူသားမျက်စိဖြင့်မ့မြင်နိုင်သေားအရာများပင်ဖြစ်သည်
ဒါကိုတချို့က တစေ သရဲးဟုပြေားဆိုနေကြသည်
ကျွန်ုပ်တို့အစ္စလာမ်တစ်ဦးတစ်ယောက်သေဆုံးသွာလျင် သေသူအားဂုစုလ်လုပ်ပေး ကဖန်ဖြင့်သေချာထုပ်ပိုး၍ကဗရ်တွင်းသို့မြှုပ်ရာတွင် (မင့်န်ဟာ ခလတ်က်နားကွမ် )ဆို၍ထိုဟမ်ဇားဒ်အားတစ်ခါတည်းထိုသေသူနှင့်မြှုပ်နှံလိုက်လေသည်
ကာဖိရ်တစ်ဦးသေဆုံးသွားလျင်ထိုသေသူအားမြေ မြှုပ်သည်ဖြစ်စေမီးရို့သည်ဖြစ်စေထိုသေသူ၏ဟမ်ဇားဒ်သည်ဒွန်ယာလေားကတွင် လှည့်ပတ်သွားလာနေသည်
အချို့ လူများသည် ကိုယ်မသန့်အောင်သေချာလုပ်၍အောက်လိုင်းနည်းများကိုသုံးပြီးထိုကာဖိရ်တို့၏ဟမ်ဇားဒ်များကိုအသားအစိမ်းများကျွေး၍ခေါပြီးမိမိလိုအပ်သည်များကိုခိုင်းလေသည်
Thursday, 14 November 2013
အချိန်မှန်အာဇာန်ဆိုမဲ့ဆော့ဝဲ
ဒီနေ့ မြန်မာမူဆလင်တွေအားလုံးအတွက် အသုံးဝင်မဲ့ ဆော်ဝဲ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဆော်ဝဲကနမည်ကြားရုံနဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံးသိပါတယ်... azan software လေးပါ...အဝေးရောက်နေတဲ့ မောင်နှမတွေ မြန်မာပြည်မှာနေပေမဲ့  တစ်ဖတ်သက်အာဇာန်သံကိုအသံကျယ်ကျယ် ဆိုခွင့်မပေးတဲ့ အာဏာပိုင်တွေရှိတဲ့အရပ်မှာရောက်နေတဲ့ အီမာန်ရှင်တွေ အာဇာန်သံကို computer ထဲမှာထည့်ထားရုံနဲ့ သူအချိန်နဲ့ သူ အာဇာန်ဆိုနေမှာပါ...ကွန်ပျူတာကိုဖွင့်ထားပေးရုံးနဲ့ နမာဇ်အချိန်ရောက်ရင် auto အာဇာန်ဆိုမှာပါ...
သိပြီးတဲ့လူများလည်းပါပါလိမ့်မယ်..မသိတဲ့လူးများအတွက်ရည်ရွယ်ပြီးဒီပိုစ်ကိုရေးရချင်ပါ.. မြန်မာပြည်မှာနေပေမဲ့
မကာ..မဒီနာ အီဂျစ် စတဲ့နိုင်ငံတွေက အာဇာန်သံကိုကြားစေချင်တယ်ဆိုရင်တော့အောက်မှာလင့်နှစ်ခုပေး
ထားပါတယ်.ကြိုက်တဲ့ လင့်ကနေဒေါင်းလိုက်ပါ....
Tuesday, 5 November 2013
အပင်ကပြောမဲ့အသံ
အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အနုပညာရှင် Leslie Garcia ကကိရိ ယာ တစ်ခုကို တီထွင် လိုက်ပါပြီ။ သက်ရှိလို့ ဆိုလိုက်တာနဲ့ အပင်တွေ ပါမှန်း သိကြပေမယ့် သူတို့ဟာ သက်ရှိ အဖြစ် ဆက်ဆံခြင်း ကိုတော့ မခံကြ ရရှာပါဘူး။ ပန်းတစ်ပွင့်ကို ခူး ဆွတ်တော့ မယ်ဆိုရင်၊ မြက်ခင်းပေါ် နင်းလျှောက် တော့မယ်ဆိုရင် အပင်လေး တွေဟာလည်း သက်ရှိ ပီသစွာ နာကျင်မှုကို ထုတ်ဖော် ပြသ ကြ တာပါပဲ။ ဒါတွေကို လူသားတွေ သိရှိနိုင် စေဖို့ အနုပညာရှင် Leslie Garcia ကကိရိယာ တစ်ခုကို တီထွင် လိုက်ပါပြီ။ အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အသံချဲ့ စက်တွေ (amplifiers)၊ စွမ်းအင် သွင်ပြောင်း ကိရိယာ တွေ (tranducers) ကိုအနုပညာရှင် Leslie Garcia ကအသုံးပြု ခဲ့ပြီး အသံတွေ ကြားရအောင် လုပ်ဆောင် ခဲ့ပါတယ်။ ၁၉၄၉မှာ "The Sound Machine" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို Roald Dahl ကရေးသားခဲ့ ဖူးပါတယ်။ အဲထဲမှာ လူတစ်ယောက်က သာမန်နားနဲ့ မကြားနိုင်တဲ့ frequency နိမ့်တဲ့အသံ တွေကို ကြားအောင် စွမ်းဆောင် ပေးတဲ့စက် တစ်မျိုးကို တီထွင်ခဲ့ပြီး အပင်တွေ ကကမ္ဘာ လောကကြီးကို အသံပြု တုံ့ပြန် ကြတယ် ဆိုတာကိုပါ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။
Tuesday, 22 October 2013
သားသမီးတာဝန်(မွဖ်သီဂျာဖရ်)
မိဘတာဝန်(မွရ်သီဂျာဖရ်)
ဖန်းဆင်းရှင်အကြောင်း(မွဖ်သီဂျာဖရ်)
ဖန်ဆင်းရှင်အကြောင်း(ဖွဖ်သီဂျာဖရ်)
Kaba သမိုင်း(မွဖ်သီဂျာဖရ်)
mecca ရွှေမြို့ တော်(မွဖ်သီဂျာဖရ်)
မွဖ်သီဂျာဖရ်(ရမဇာန်လမြတ်တရားဟော်ပွဲ)
Thursday, 10 October 2013
အာဇန်(၀တ်ပြုရန်ဖိတ်ခေါ်ခြင်း) ရဲ့ အဓိပ္ပါယ်..
နေ့စဉ်(5)ကြိမ် ဗလီများမှ ၀တ်ြ့ပုရန်အတွက် ဖတ်ခေါ်သော အာဇန် အသံ၏ အဓိပ္ပါယ်..
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။­။။။။။။။။။။။။။။။။။။။
 ၁။ အလ္လာဟုအက်ဘရ် (၄ ကြိမ်) အလ္လာ ဟ် အသျှင်မြတ်သည် အကြီးကျယ်ဆုံးသော အရှင်သခင် ဖြစ်တော်မူ၏.(၄ကြိမ်)
၂။ အရှ်ဟဒု အန်လာအိလာဟ အိလ္လလ္လားဟ် (၂ ကြိမ်)-အလ္လာဟ်အသျွှင်မြတ်မှတပါး အခြား ခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိကြောင်းကို ကျတော်မျိးသက်သေခံအပ်ပါသည်။ (၂ကြိမ်) 
၃။ အရှ်ဟဒု အန္န မုဟမ္မဒန် ရစူလွလ္လာဟ် (၂ ကြိမ်) -မုဟမ္မဒ်သခင် (ဆွလလ္လားဟု အလိုင်းဟိစ္စလာမ်) သည်              အလ္လာဟ်အသျှင်မြတ်၏ စေလွတ်ခြင်းခံရသော တမန်တော်ဖြစ်ကြာင်းကျွန်တော်မျိုးသက်သေခံအ­ပ်ပါသည်။(၂ကြိမ်)
၎။ ဟိုင်ယ်ယာအလက်ဆွလားဟ် (၂ ကြိမ်) ခ၀ပ်ကိုးကွယ်မှုအတွက် လာကြကုန်တော့ (၂ကြမ်)
၅။ ဟိုင်ယ်ယာအလိုင် ဖလာဟ် (၂ ကြိမ်) -အောင်မြင်မှုဆီသို့ လှမ်းလာကြလော့....(၂ကြိမ်)
မှတ်ချက်။ ဖဂျာရ် ဆွလာသ်အတွက် အာဇာန်ပေးရာတွင် နံပါတ် (၅) ဟိုင်ယ်ယာအလိုင် ဖလာဟ် ဖတ်ပြီးနောက် အဆ်ဆွလာသု ခိုင်းရွန် မိနန်နောမ် (အသင်တို့ သည်အိပ်ဆက်ခြင်းမှဝတ်ပြုရန်ထကြလော့) ကို (၂ကြိမ်)ဖတ်ရမည်။
၆။ အလ္လာဟုအက်ဘရ် (၂ ကြိမ်)  -အလ္လာဟ်အသျှင်သာလျှင် အကြီးကျယ်ဆုံး ဖြစ်ပါတယ်..(၂ကြိမ်)
 ၇။ လာဟိလာဟ အိလ္လလ္လားဟ် (၁ ကြိမ်)ထိုအသျှင်မြတ်မှတပါး အခြားခ၀ပ်ကိုးကွယ်ထိုက်သော အသျှင်မရှိ (၁ကြိမ်)
အာဇန်ဖိတ်ခေါ်သံ video
အာဇန်ဖိတ်ခေါ်သံ Mp3
ကုရ်ဘာနီ၏ မဆ်အလဟ်များ
ကုရ်ဘာနီ၏ မဆ်အလဟ်များ
------------------------------
၁။ လူတစ်ယောက်သည် ဇကားသ်ပေးရန် ဖွရပ်ဇ် ဖြစ်၏။ (သို့မဟုတ်) ဇကားသ်ဖရပ်ဇ် ဖြစ်သည့်
ငွေကြေးပမာဏကိုပိုင်ဆိုင်ထား၏။ ၎င်း ပိုင်ဆိုင်မှုသည် တစ်နှစ်ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ 
ကုရ်ဘာနီပြုရန် ၀ါဂျိဗ်တာဝန်ဖြစ်၏။
၂။ အကြောင်းတစ်ခုခုကြောင့် ဇုလ်ဟဂ်ျလ၁၂ရက်နေ့နေမ၀င်ခင် အထက်တင်ပြပါ ကုရ်ဘာနီ 
နီဆားဗ် ပိုင်ဆိုင်သွားခဲ့သော် ကုရ်ဘာနီပြုရန် ၀ါဂျိဗ်တာဝန် ဖြစ်သွားလေသည်။
၃။ ကုရ်ဘာနီသားကောင်သည် ရှရီအသ်တရားတော်အရ ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဒွန်ဘဟ်
(အထီး၊အမ)အားလုံးကိုသာဆိုလိုပေသည်။ ၎င်းတို့မှအပ အခြားမည်သည့်သားကောင်ကိုမှ ကုရ်ဘာနီ
ပြုလုပ်ခြင်းမပိုင်ပေ။
၎။ ကျွဲ၊ နွား တို့၏အသက်မှာ၂နှစ်ပြည့်ရန်၊ ကုလားအုပ်၏အသက်မှာ၅နှစ်ပြည့်ရန်၊ သိုး၊ ဆိတ် တို့မှာ
၁နှစ်ပြည့်ရန် အရေးကြီးလေသည်။
ဂျဟနန်မ်(အပယ်ငရဲ) အကြောင်း မွဖ်သီဂျာဖရ်
ကမ္ဘာပျက်ဖို့ နီးလာတဲ့နမိတ်လက်ခဏများ
ကမ္ဘာကြီး ပျက်စီးတော့မည်ဆိုလျှင် ...
တမန်တော်မြတ်(ဆွ)မိန့် ကြားတော်မူသည်မှာ ကိယာမတ် နီးကပ်လာလျှင်-
၁။ လူတို့ သည် အလ္လာဟ်အသျှင်မြတ်၏ အမိန့် တော်များကို ဖီဆန်လာကြမည်။
၂။ ခင်ပွန်းယောက်ျားများသည် ဇနီးမိန်းမများ၏ သြဇာကိုနာခံကြမည်။
၃။ သားသမီးများသည် မိဘများ၏ အမိန့် ကို နာခံမှုမပြုဘဲ လူဆိုးလူမိုက်များနှင့်သာ 
မိတ်ဆွေဖွဲ့ ပျော်ပါးလာကြမည်။
၎။ သာသနာ့ပညာ တစ်စတစ်စ မှေးမှိန် ပျောက်ကွယ်လာပြီး ပညာမဲ့ လူပြိန်းများပေါများလာမည်။
၅။ အဆိုးဆုံးနှင့်ကိုယ်ကျင့်တရားအပျက်ဆုံး သူများက ခေါင်းဆောင်အုပ်ချုပ်မှု ပြုလာကြမည်။
၆။ အရည်အချင်းမရှိသူ မထိုက်တန်သူများသည် လုပ်ငန်းကွပ်ကဲမှုများကို ပေးအပ်ခံကြရမည်။
ရ။ သေရည်သေရက် သောက်စားမှု များပြားလာမည်။
မွဖ်သီဂျာဖရ် လမြတ်ရမာဇန်
31.08.09 မွဖ်သီဂျာဖရ် ရမာဇန်လတရားဟော်ပွဲ (၂)
31.08.09 မွဖ်သီဂျာဖရ် ရမာဇန်လတရားဟော်ပွဲ (၁)
30.08.09 ဖွဖ်သိဂျာဖရ် ရမာဇန်လ တရားဟော်ပွဲ (၂)
30.08.09 မွဖ်သီဂျာဖရ် ရမာဇန်လ တရားဟော်ပွဲ (၁)
29.08.09 မွဖ်သီဂျာဖရ် ရမာဇန်
Tuesday, 1 October 2013
ဘာကြောင့်လူသားကိုဖန်းဆင်းထားဒါလဲ(အစ္စလာမ်ဘာသာဝင်များသိရှိရန်) MLN RAHMATULLAH
ဘာကြောင့်islam တွေကအ်ဗာကိုမျက်နှာမူပြီးရှိခိုးနေရပါသလဲ
Islam သာသနာသည်ရုပ်ထုကိုးကွယ်မှုကိုလက်မခံတဲ့သာသနာဖြစ်ပေမယ့်ဘာလို့ များ တစ်နှစ်တစ်ခေါက်ဆော်ဒီအာရေးဗီးယားရှိ ကအ်ဗာကျောင်းတော်ကိုသွားပြီးရှီခိုးမှု့ ပြုလုပ်နေရပါသလည်း အားလုံးသော် islam ဘာသာဝင်တွေ ကအ်ဗာကိုမျက်နှာမူပြီးရှိခိုးမှု ပြုလုပ်နေရပါသလည်းလို့ ဘာသာခြားတွေမေးလေ့ရှိပါတယ်...... ကအ်ဗာက ကိဗလာ ဖြစ်တယ်။ ဝတ်ပြုတဲ့အချိန်မှာ မွတ် စလင်တွေ မျက်နှာမူရာ ဖြစ်ပါတယ်။ ဝတ်ပြုချိန်မှာ မွတ်စလင်တွေဟာ ကအ်ဗာဖက်ကို မျက်နှာမူသာ မူကြပေမဲ့ သူတိုတွေကအ်ဗာကို ဝတ်ပြု ကိုးကွယ်နေကြတာ မဟုတ်ဘူးဆိုဒါတော့ မှတ်သားထားဖို့ အရေ့းကီးပါတယ်။ မွတ်စလင်တွေဟာ အလာဟ်ကလွဲပြီး ဘာကိုမှ မကိုးကွယ် မဆည်းကပ်ကြပါဘူး။                 စူရာဟ်ဗကရာဟ်မှာ ဖော်ပြထားတာကတော့ ... “ငါအရှင်သည် အသင်၏ မျက်နှာက ကောင်းကင်ဘုံများဖက်သို့ (လမ်းညွန်အတွက်)ငါအရှင်၏ မျက်နှာကို မတ်စဂျီဒိ ဟရာမ် ဝတ်ကျောင်းတော်ဖက်သို့ လှည့်ပါလေ။အသင်တို့ အဘယ်မှာပဲ ရှိနေ ရှိနေ အသင်တို့ ၏ မျက်နှာများကို ယင်းဘက်သိုသာ လှည့်ကြလော့။” [ အလ် ကုရ်အာန်  ၂း ၁၄၄ ] ၁။ အစ္စလာမ်သည် ညီညွတ်ရေး အားပေးမြှင့်တင်မှုကို ယုံကြည်သည်                 ဥပမာပြရရင် မွတ်စလင်တွေ ဆွလားသ်ဝတ်ပြုလိုကြတယ် ဆိုလျှင် တချို့က မြောက်အရပ်သို့ လှည့်ချင်ကြမယ်။ တချို့က တောင်ဖက်ကို လှည့်ချင်ကြမယ်။ တစ်ဆူတည်းသော အရှင်ကို ကိုးကွယ် ဆည်းကပ်မှုမှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ရေးအတွက် သူတို့ ဘယ် အရပ်ဒေသမှာပဲရှိရှိ တူညီသော တစ်ခုတည်းသော မျက်နှာမူရာ ကိဗ လာဟ်ဖြစ်တဲ့ ကအ်ဗာဘက်သို့သာလျှင် မျက်နှာမူကြရမယ် ဆိုပြီး မိန့်ဆို ထားတယ်။ တကယ်လို့ တချို့သော မွတ်စလင်များက ကအ်ဗာရဲ့ အနောက်ဖက်မှာ  နေထိုင်နေကြရင် သူတို့က အရှေ့ဖက်ကို မျက်နှာမူကြ ရမယ်။ အလားတူပင် သူတို့က ကအ်ဗာရဲ့ အရှေ့ဖက်မှာ နေနေကြလျှင် တော့ အနောက်ဖက်ကို မျက်နှာမူပြီး ဝတ်ပြုကြရမှာ ဖြစ်ပါတယ်။ ၂။ ကအ်ဗာသည် ကမ္ဘာ့မြေပုံတွင် အလယ်ဗဟို၌ ရှိသည်                 မွတ်စလင်များဟာ ကမ္ဘာ့မြေပုံကို ပထမဆုံး ရေးဆွဲခဲ့ကြသူများ ဖြစ်တယ်။ သူတို့ရေးဆွဲတဲ့ မြေပုံမှာ တောင်အရပ်က အထက်ဖက်သို့ မျက်နှာမူနေပြီး မြောက်အရပ်ကတော့ အောက်ဖက်သို့ တူရူပြုနေ ပါတယ်။ ကအ်ဗာက အလည်ဗဟိုမှာ ရှိနေပါတယ်။ အလ်ဟမ်ဒုလိလ္လာဟ် ၃။ တစ်ပါးတည်းသော အလ္လာဟ်ရှင်ကို ရည်ညွှန်းလိုသည့်အတွက် ကအ်ဗာကို တွဝါးဖ်လှည့်ပတ်ရခြင်း ဖြစ်သည်                 မွတ်စလင်များဟာ မက္ကာရွှေမြို့တော်မှာရှိတဲ့ မတ်စဂျိဒေ့ ဟရာမ်ကျောင်းတော်ကြီးသို့ သွားကြချိန်မှာ သူတို့ဟာ ကအ်ဗာကို တွဝါးဖ်ပြု လှည့်ပတ်ကြရပါတယ်။ ဒီအပြုအမူက တစ်ဆူတည်းသော အလ္လာဟ်ရှင်ကို ယုံကြည်ဆည်းကပ်မှုရဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် စက်ဝိုင်းတိုင်းမှာ ဗဟိုချက်က တစ်ခုတည်းပဲ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်ဆည်းကပ် ထိုက်တဲ့ တစ်ပါးတည်းသော အရှင်ဟာ အလ္လာဟ်ရှင်ပဲ ဖြစ်ပါတယ်။
မှားယွင်းနေတဲ့လူတော်တော်များများ(MLN TWASEEN)
Wednesday, 25 September 2013
မွဖ်သီဂျာဖရ်
အစ္စလာမ်ရဲ့ ဝတ်သားရှောင်ကျင်မှု
ဝက်သားကိုတားမြစ်ထားမှု
အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။
၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။
                ကုရ်အာန်က ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း ၁၇၃၊ ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန်  ၅း ၃ ]
                ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ လက်ခံဖို့ ရာ ဆေးပညာကလည်းထောက်ပြနေပါတယ်
ဘာကြောင့်သားကောင်းအားလည်လှီးရခြင်း
ဇဗီးဟာဟ်လို့ခေါ်တဲ့ သားကောင်များကို အစ္စလာမ့် တရားတော် အရ လှီးဖြတ်နည်းကို လူ တော်တော်များများကပဲ ဝေဖန် ဆန့်ကျင် ပြောကြားခဲ့ကြပါတယ်။ဇဗီးဟာဟ်နည်းဟာ အကြင်နာတရား ရှိရုံသာ မကပါဘူး၊ သိပ္ပံနည်းကျ ဆိုရရင်လဲ အကောင်းဆုံး ဆိုတာကို သက်သေထူပြနေတဲ့ အောက်ပါ အချက်အလက်များကို စဉ်းစားသုံးသပ် ကြည့်သင့်ပါတယ်။
၁။ အစ္စလာမ့်နည်းကျ သားကောင်ကို လှီးဖြတ်ခြင်း
                ဇါက်ကိုင်းတွမ် ဆိုတဲ့ ကြိယာက ဇကားသ်(စင်ကြယ်သည်) ဆိုတဲ့ ရင်းမြစ် ဝေါဟာရကနေ ဆင်းသက်လာတာပါ။ ဒါရဲ့ အခြေခံပုံစံက တဇ်ကီယဟ် ဖြစ်ပြီး သန့်ပြန့်စင်ကြယ်ခြင်းလို့ ဆိုပါတယ်။ သားကောင် တစ်ကောင်ကို အစ္စလာမ့်နည်းကျ လှီးဖြတ်ဖို့အတွက် အောက်ပါအခြေ အနေများနဲ့ ကိုက်ညီနေဖို့ လိုအပ်ပါတယ်။
ကာဖရ် ရဲ့ အနက်သဘော
 မွတ်စလင်မဟုတ်သူတို့ကိုကာဖရ်ဆိုပြီးရည်ညွှန်းပြောဆိုမှု
   မွတ်စလင်တွေဟာ မွတ်စလင် မဟုတ်သူတွေကို ကာဖိရ်လို့ ခေါ်ဆို ကြခြင်းဖြင့် တစ်ဖက်သားအပေါ်                 ဘာကြောင့်များ စော်ကားမော်ကား ပြုနေကြရတာလဲဟုတစ်ဖတ်အနက်သဘောနားမလည်သူတွေကအမြဲမေးလေ့ရှီပါတယ်။
ကာဖရ်ဟူသည်မှာ ငြင်းပယ်သူကို ဆိုလိုသည်။
"ကာဖရ်" က "ကုဖရ်" ဆိုတဲ့ စကားလုံးက ဆင်းသက်လာ တာပါ။ "ဖုံးကွယ်ထားသည်" "ငြင်းပယ် ဖီဆန်သည်" ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အစ္စလာမ့်အခေါ်အဝေါ် အသုံးအနှုန်းအရ ပြောရရင် "ကာဖရ်" ဆိုတာဟာ အစ္စလာမ်ရဲ့ မှန်ကန်မှု သစ္စာကို "ဖုံးကွယ် ထားသူ" "ဖီဆန်ငြင်းပယ်သူ"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာမ်ကို ငြင်းပယ် ဖီဆန်သူကို အင်္ဂလိပ်လိုကျတော့ "မွတ်စလင်မဟုတ်သူ" (Non-Muslim) လို့ ခေါ်ကြတယ်လေ။ 
တကယ်လို့ မွတ်စလင် မဟုတ်သူ တစ်ဦးကို မွတ်စလင် မဟုတ်သူ (Non-Muslim) ဒါမှမဟုတ် ကာဖရ်လို့ သူ့ကို ခေါ်ခဲ့တယ် ထား။ အဓိပ္ပါယ်ချင်းက အတူတူပါပဲ။ ဒါကို သူက ဒါကတော့ ငါ့ကို စော်ကား မော်ကားလုပ်တာပဲလို့ ထင်မယ်ဆိုရင်ဖြင့် ဒါဟာ အစ္စလာမ်နဲ့ ပတ်သက်လို့ သူ့ဖက်က နားလည်မှု လွဲမှားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဘက်ကနေပြီး အစ္စလာမ်နဲ့ အစ္စလာမ့် ဝေါဟာရတွေကို ထဲထဲဝင်ဝင် နားလည်စေအောင် အခြေအမြစ် ကျကျအထိ အမှန်အကန် လိုက်ကြည့် နိုင်ဖို့က လိုပါတယ်။ ဒါဆိုရင်တော့ ဒါက ငါ့ကို စော်ကားမော်ကား ပြုနေတာမှ မဟုတ်ဘဲ ဆိုတာကို ခံစားမိသွားရုံမက အစ္စလာမ်ကိုပါ မှန်ကန်တဲ့ အမြင်နဲ့ သူ့ဘက်က မြင်တွေ့ နားလည် သွားနိုင်မှာ ဖြစ်ပါတယ်။
ကာဖရ် သည် အာရဗီစကား Kufr ဆိုသော verb မှဆင်းသက်လာသည်။အာရဗီ အဘီဓာန်တွင်အနက်သဘော ၃မျိုးထွက်သည်
 1.To conceal(ဖုံးကွယ်ခြင်း)
2.To be ungratefu(ကျေးဇူးမသိခြင်း၊ကျေးဇူးကန်းခြင်း)
3.To deny or to reject.(ညင်းပယ်သူ၊ပယ်ချသူ)
ကုရ်ဘာန်နီခေါ် (သားကောင်အားစွတ်လွတ်လှုဒါန်းခြင်း)
အစ္စလာမ်သည် လောကီ လောကုတ္တရာနှစ်ဖြာလုံးနှင့်သက်ဆိုင်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ ဒါကြောင့် လောကီသက်သက်ရပ်တည်တဲ့ တရားတွေကို မသွန်သင်သလို၊လောကုတ္တရာသက်သက်အတွက်သာ ရပ်တည်နိုင်တဲ့ လမ်းတွေကိုလည်း မပြပါဘူး။ လောကီအတွက်ရပ်တည်ရင်းလောကုတ္တရာအကျိုးကို ဖြစ်ထွန်းစေတဲ့ လူသားထုကြီး တစ်ခုလုံး အလွယ်တကူ ကျင့်သုံးနိုင်တဲ့တရားတွေကိုသာ သွန်သင်ပါတယ် (ကြည့် ကုရ်အာန်ကျမ်းတော်မြတ်- အမြင့်မြတ်ဆုံးအရှင်ကဏ္ဍ၊ပါဒတော်၈၊ ဂါဝီကဏ္ဍ၊ပါဒတော် ၁၈၅နှင့် ဟဂ်ျကဏ္ဍ၊ပါဒတော် ၇၈)။
အစ္စလာမ့်သွန်သင်ချက်အရလူသားသည် အဆင့်အမြင့်ဆုံးဖန်ဆင်းခံဖြစ်ပြီး ခပ်သိမ်းသောစကြဝဠာနှင့် ထိုရှိ အခြားသက်ရှိသက်မဲ့အရာအားလုံးတို့သည်လူသားတို့အတွက် တရားလမ်းစဉ်နှင့်အညီ အသုံးချရန် အတွက်ဖြစ်သည်။ အရှင်မြတ် ဖန်ဆင်းထားသောအသက်ဇီဝိန်တစ်ခုမျှကိုပင် မတရား မသတ်ဖြတ်ဖို့ တိတိကျကျထားမြစ်ထားပြီးဖြစ်သည်(ကြည့်ကုရ်အာန်ကျမ်းတော်မြတ် သားကောင်များကဏ္ဍ၊ ပါဒတော် ၁၅၁)။ သို့ရာတွင် လူသားရပ်တည်မှုအတွက်လိုအပ်ပါက တရားလမ်းစဉ်နှင့် အညီတော့ ခွင့်ပြုထားပေသည် (ဥပမာ- အစားအစာအတွက်၊ လူသားမျိုးနွယ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက် စသည်)(ကြည့် ကုရ်အာန်ကျမ်းတော်မြတ် ပျားကောင်ကဏ္ဍ၊ ပါဒတော်၅ မှ ၈နှင့် အစ္စရာအီလီမျိုးနွယ်ကဏ္ဍ၊ ပါဒတော် ၃၃)။ အစ္စလာမ်က အလယ်အလတ်လမ်းစဉ်ကိုသာ သင်ကြားပြသပါသည်။အသားချည်းပဲ အစားကြူးရန် မသွန်သင်ထားသလို သားသတ်လွတ်ကြီးပဲ စားရန်လည်း မပြောထားပါ။သင်တင့်မျှတစွာ စားသုံးခိုင်းပါသည်။ အဘယ်ကြောင့်ဆိုသော်  အစ္စလာမ့်ကျမ်းတော်မြတ် ကုရ်အာန်သည် လူသားထုတစ်ခုလုံးကိုရည်ရွယ်သောကြောင့် သင်ကြားချက်များသည်လည်း လူသားထုတစ်ရပ်လုံးကို ရည်ရွယ်ပါသည်။ လူသားထုတစ်ရပ်လုံးအနေဖြင့်အသားဓာတ်အတွက် ပဲ၊နို့၊ လေဥများနှင့် တိရိစ္ဆာန်တို့အသားဓာတ်များမှ ထုတ်ယူထားသော အားဆေးတောင့်များကိုပဲမှီခိုရန် လုံးဝမဖြစ်နိုင်ပါ။ ကမ္ဘာပေါ်တွင် ယနေ့ကြုံတွေ့နေရသော ပရိုတင်းစွမ်းအင်ချို့တဲ့မှုရောဂါဆိုးအကြောင်းကိုလေ့လာလျှင် ပိုမို ထဲထဲဝင်ဝင် သိနိုင်ပါသည်။ ထို့ကြောင့်လည်း လူသား၏ အရှင်က လူသား၏အစာအိမ်အူလမ်းကြောင်းကို အစုံစားသတ္တဝါ (အသားရော ဟင်းသီးဟင်းရွက်ပါချေဖျက်နိုင်သည့်)ပုံစံဖြင့်ဖြစ်စေထားသည်။ တသီးပုဂ်ဂလအနေဖြင့် မိမိတွင် ရွေးချယ်ပိုင်ခွင့်ရှိပေသည်။
အစ္စလာမ်သာသနာ
ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော် မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေး သနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ “ဒီန်သာသ နာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။” ၅း၃
အီမာမ် မွတ်စ်လင်မ်နှင့် အီမာမ် နစာအီ တို့သည် အထက်ပါအာယသ်တော်နှင့် ပတ်သက်ပြီး တင်ပြ သည်မှာ ၄င်းအာယသ်တော်သည် တမန်တော်မြတ် (ဆွ) နောက်ဆုံးဟဂ်ျ တာဝန်ထမ်းဆောင်နေစဉ် အာရဖတ် တောင်အနီးရှိနေခိုက် အဆိုပါ အာယသ်တော် ကျရောက်လာခြင်းဖြစ်သည်။ အထက် ပါအာယသ်တော်သည် အစ္စလာမ်သာသနာ၏ ပြည့်ဝခြင်းနှင့် ကုန်လုံခြင်းကို ဖေါ်ပြလေသည်။ တိတိ ကျကျဖေါ်ပြရလျှင် အောက်ပါ အချက် ၃ ချက်ကို မြင်တွေ့နိုင်သည်။
(၁) အစ္စလာမ်ဘာသာသည် အကြောင်းအရာနှင့် ၀တ္ထုအစုံတို့၏ သဘောတရားကို တင်ပြဆွေးနွေး ထား၏။
(၂) အစ္စလာမ် ဘသာသည် ပြည့်ဝသော စနစ်တစ်ခု အဖြစ် ၄င်းတို့၏ အရည်အသွေးနှင့် စွမ်းအားကို ပြသလေသည်။
(၃) အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင် နှစ်သက်သည့် ဘာသာ၊ လူတိုင်းကို ကိုယ်စားပြု့သည် ဘာသာဖြစ်သည်။ လူသဘာဝနှင့် အစ္စလာမ်ဘာသာ၏ သဘောသည် သင့်တင့်လျှောက်ပတ်၏။
Friday, 20 September 2013
မွဖ်သီဂျာဖရ်တရား၃(အရှေ့ နဲ့ အနောက်ကွဲပြားတဲ့အယူအဆများ)
မွဖ်သီဂျာဖရ်တရား2
အာလူး
မွရ်သီဂျာဖရ်တရား
Tuesday, 16 April 2013
၂၀၁၃ သင်္ကြန်
ချစ်ကြည်လေးစားရပါတော် မြန်မာပြည်ပွားညီနောင်မောင်နှမအပေါင်း ပျော်ရွင်စွာနဲ့ ၂၀၁၃ ကို အားလုံးအတူတူ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချစ်စရာ၁၂လရာသီပွဲတော်ထဲက အထူးကဲဆုံးသင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွဲကြသူများအားလုံးစိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီး နောင်နှစ်နောင်နှစ်တွေမှာလဲ ဒီလိုသင်္ကြန်ပွဲကြီးကို အားလုံးပါဝင်ဆင်နွဲနိုင်ကြပါစေးး.... နှုတ်ဆက်ပါတယ် ၂၀၁၃ သင်္ကြန်ကြီးရယ်............................ :)
Saturday, 16 March 2013
ကြည်နူးစရာရန်ကုန်တစ်နေရာ
ဒီလိုဆိုင်တွေ မြန်မာပြည်မှာမနည်းပါဘူး.. လူလူချင်းဘာမှသွေးခွဲနေစရာမလိုဘူး   မူဆလင်တွေက ၇၈၆ မလို့ ငါတို့ က သူတို့ နဲ့ အပြိုင် ၉၆၉ လိုက်လုပ်ဒါလား  တွေးတက်ရင် ရှက်ဖို့ ကောင်းပါတယ် ၉၆၉ ရယ်  ဂုဏ်တော်ကိုးပါးကို ရည်ညွန်းနေတယ်လို့ မင်းတို့ ဦးနှောက်မရှိတဲ့လူတွေပြောတယ်    ..ဒါကတရားသစ်တီတွင်မှု့ ဘဲ  အရင်ဗုဒွဘာသာဆိုင်မှာရှိတဲ့  ဗုဒွ အရဟံ  အစရှိဒါတွေထက် ဒီ969 ကပိုပြီး မြက်တယ်လို့ ထင်နေဒါလား   မင်းတို့ လုပ်မှ ဗုဒွဘာသာက ဂိုဏ်ကွဲဖို့ ဖြစ်လာပြီး  
Sunday, 10 March 2013
လူပီသဖို့ အတွက် အဖိုးတန်တဲ့ စကား
သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။
ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။
၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။
တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။
လမ်းနှစ်လမ်း
လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။
တခါသုံးယုံကြည်မှု
ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။
နောင်တ
နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။
နေရာ
အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။
သမာဓိ
စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။
ရွေးချယ်မှု
နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။
မနာလိုခြင်းနှင့် အားကျခြင်း
သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။
နောက်ဆုံးအပြုံး
ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။
ပူပင်သောက
လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။
အောင်မြင်မှုနှင့် တိုးတက်မှု
မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။
ဖိအားနှင့် တွန်းအား
အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
Friday, 8 March 2013
ကြိုးစားကြစို့ 
မကြီးမြတ်ရင် နေပါစေ ..
မယုတ်ညံ့မိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
ကတိ မတည်နိုင်ရင်နေပါစေ ...
မလှည့်ဖျားမိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
လက်တွဲမခေါ်နိုင်ရင် နေပါစေ ...
တွန်းမချပစ်ခဲ့မိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
ရှေ့ မဆောင်နိုင်ရင် နေပါစေ ...
ကန့်လန့်မတိုက်မိဖို့ တော့ ငါတို့ကြိုးစားရလိမ့်မယ်...
မစွန့်ကြဲနိုင်ရင် နေပါစေ....
အချောင်မလိုချင်မိဖို့ တော့  ငါတို့ ကြိုးစားရလိမ့်မယ်....
Friday, 8 February 2013
water
blog အစမှာ လူတွေအတွက် မရှိမဖြစ်လ ပ်တဲ့  အရာတစ်ခုအကြောင်းစရေးမယ် 
                          water (ရေ)
ရေသောက်ခြင်း အကျိုးကျေးဇူးများရေသည် လူတို့၏ အသက်ရှင်
ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်
တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့
ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်။ သောက်သင့်သည့် အချိန်တွင်
သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံး
အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။
ရေသောက်သုံးသင့်သော အချိန်များ
* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။
* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။
* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။
* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်
ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ရေသောက်များပါက ဆီးတွင်
အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်
ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂
ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။
* ရေသည် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteria
ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။
* ရေသည် ၀မ်းလျောသည့်အခါတွင် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။
* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်
ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။
* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။ ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များ
ပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ
နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။
* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီးတစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။
* ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။ ထို့ကြောင့် ၀မ်းချုပ်၍ မရသည့်လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။
* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။
* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။
* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။
ရေသောက်ရာတွင် လိုက်နာသင့်သည် အချက်များ။
* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။
* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။
* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။
* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။
* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။
* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။
* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။
* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။
* ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။