ကုရ်ဘာနီ၏ မဆ်အလဟ်များ
------------------------------
၁။ လူတစ်ယောက်သည် ဇကားသ်ပေးရန် ဖွရပ်ဇ် ဖြစ်၏။ (သို့မဟုတ်) ဇကားသ်ဖရပ်ဇ် ဖြစ်သည့်
ငွေကြေးပမာဏကိုပိုင်ဆိုင်ထား၏။ ၎င်း ပိုင်ဆိုင်မှုသည် တစ်နှစ်ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ
ကုရ်ဘာနီပြုရန် ၀ါဂျိဗ်တာဝန်ဖြစ်၏။
၂။ အကြောင်းတစ်ခုခုကြောင့် ဇုလ်ဟဂ်ျလ၁၂ရက်နေ့နေမ၀င်ခင် အထက်တင်ပြပါ ကုရ်ဘာနီ
နီဆားဗ် ပိုင်ဆိုင်သွားခဲ့သော် ကုရ်ဘာနီပြုရန် ၀ါဂျိဗ်တာဝန် ဖြစ်သွားလေသည်။
၃။ ကုရ်ဘာနီသားကောင်သည် ရှရီအသ်တရားတော်အရ ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဒွန်ဘဟ်
(အထီး၊အမ)အားလုံးကိုသာဆိုလိုပေသည်။ ၎င်းတို့မှအပ အခြားမည်သည့်သားကောင်ကိုမှ ကုရ်ဘာနီ
ပြုလုပ်ခြင်းမပိုင်ပေ။
၎။ ကျွဲ၊ နွား တို့၏အသက်မှာ၂နှစ်ပြည့်ရန်၊ ကုလားအုပ်၏အသက်မှာ၅နှစ်ပြည့်ရန်၊ သိုး၊ ဆိတ် တို့မှာ
၁နှစ်ပြည့်ရန် အရေးကြီးလေသည်။
၅။ ကုရ်ဘာနီပြုလုပ်ရန်ဝါဂျိဗ်မထိုက်သူသည် ကုရ်ဘာနီ နီယသ်ဖြင့် သားကောင်အားဝယ်လိုက်ပါက
ထိုသားကောင်အားကုရ်ဘာနီပြုရန်ဝါဂျိဗ်ဖြစ်သွားလေသည်။
၆။ ဇုလ်ဟဂ်ျလ၁၀ရက်မှ၁၂နေ့အထိ ကြိုက်နှစ်သက်ရာအချိန်တွင် ကုရ်ဘာနီပြုလုပ်နိုင်သည်။
နေ့အချိန်တွင်ဖြစ်စေ၊ ညအချိန်တွင်ဖြစ်စေ ပြုလုပ်ခွင့်ရှိသည်။ သို့ရာတွင် ညအချိန်တွင် ကုရ်ဘာနီ
ပြုလုပ်ရာ၌ မတော်တဆအကြောများမပြတ်မည်ကိုစိုးရိမ်ရသဖြင့် ဇဗဟ်ပြုလုပ်ခြင်းမသင့်တော်ပေ။
သို့သော် မီးအလင်းရောင် ကောင်းစွာရှိခြင်းကြောင့် ညအချိန်၌ ဇဗဟ် ပြုလုပ်ပါက မည်သို့မျှ
ပြဿနာမရှိပေ။
၇။ ကုရ်ဘာနီမလုပ်ခင်အလျှင် ဓားကိုကောင်းစွာသွေးထားရမည်။ သားကောင်တစ်ကောင်ကို
အခြားသားကောင်တစ်ကောင်၏ရှေ့တွင် ဇဗဟ်ပြုလုပ်ခြင်းမသင့်တော်ပေ။ သားကောင် အသက်
ထွက်ပြီးငြိမ်သွားမှသာ သရေခွာခြင်း၊ အသားခုတ်ထစ်ခြင်းများ ပြုလုပ်ရမည်။
၈။ သားကောင်တစ်ကောင်ကို လူအများစပ်တူပြုလုပ်ကြရာ၌ ၎င်း သားကောင်၏အသားအားလုံးကို
မိတ်ဆွေများနှင့်ဆင်းရဲသားများကိုဝေငှမည်ဆိုပါက အတိအကျအပုံခွဲရန်မလိုတော့ပေ။ သို့မဟုတ်
ဖက်စပ်ပါဝင်သူများ ခွဲဝေယူကြမည်ဆိုပါက အသားများကို မှန်းဆ၍မပုံရဘဲ အလေးချိန် ညီမျှရန်
အရေးကြီးသည်။
၉။ ကုရ်ဘာနီဝါဂျိဗ်တာဝန်ရှိသူတစ်ဦးသည် ကုရ်ဘာနီပြုလုပ်ရမည့် ရက်သုံးရက် ကုန်ဆုံးသွားသည့်
တိုင် ကုရ်ဘာနီမပြုဖြစ်ခဲ့ပါက ဆိတ်(သို့)သိုး တစ်ကောင်၏တန်ဖိုးကို လှူဒါန်းပေးကမ်းလိုက်ရမည်။
သားကောင်ဝယ်ထားပြီးဖြစ်လျှင် ၎င်း သားကောင်ကို လှူဒါန်းပေးကမ်း လိုက်ရမည်။
၁၀။ အခြားသူတစ်ဦးအတွက် ၎င်းကိုအကြောင်းမကြားဘဲ ကုရ်ဘာနီပြုလုပ်ပေးခြင်းမပိုင်ပေ။
၁၁။ ကုရ်ဘာနီပြုလုပ်သူသည် ကုရ်ဘာနီ၏အသားကို မိမိစိတ်ကြိုက်ပြုလုပ်နိုင်သည်။ အသားအားလုံး
ကို မိမိအိမ်အတွက်ထားလိုပါကထားနိုင်ပြီး၊ ဝေငှလိုပါက ဝေငှနိုင်ပေသည်။ သို့ရာတွင်အကောင်းဆုံး
ပုံစံမှာ အသားအားလုံးကို သုံးပုံ ပုံ၍ တစ်ပုံကို မိမိအိမ်အတွက်ထားပါ။ ဒုတိယတစ်ပုံကို ဆွေမျိုးသား
ချင်းများအား ဝေငှပါ။ တတိယတစ်ပုံကို သူဆင်းရဲများအား ပေးကမ်းလိုက်ပါ။
၁၂။ ကုရ်ဘာနီအသားကို မွတ်စ်လင်မ်မဟုတ်သူများကို ပေးကမ်းခြင်း ပိုင်ပေသည်။
(ဖိက်ဟီးရစာအိလ်-အတွဲ၂) စီစဉ်တင်ပြသူ-မုဖ်သီအိဒ်ရီးစ်(မဇွာဟေရီ) ရှေ့ဆောင်ဆရာ မဒါးဗလီ
No comments:
Post a Comment