Thursday, 10 October 2013

ကမ္ဘာပျက်ဖို့ နီးလာတဲ့နမိတ်လက်ခဏများ

ကမ္ဘာကြီး ပျက်စီးတော့မည်ဆိုလျှင် ...

တမန်တော်မြတ်(ဆွ)မိန့် ကြားတော်မူသည်မှာ ကိယာမတ် နီးကပ်လာလျှင်-

၁။ လူတို့ သည် အလ္လာဟ်အသျှင်မြတ်၏ အမိန့် တော်များကို ဖီဆန်လာကြမည်။

၂။ ခင်ပွန်းယောက်ျားများသည် ဇနီးမိန်းမများ၏ သြဇာကိုနာခံကြမည်။

၃။ သားသမီးများသည် မိဘများ၏ အမိန့် ကို နာခံမှုမပြုဘဲ လူဆိုးလူမိုက်များနှင့်သာ 
မိတ်ဆွေဖွဲ့ ပျော်ပါးလာကြမည်။

၎။ သာသနာ့ပညာ တစ်စတစ်စ မှေးမှိန် ပျောက်ကွယ်လာပြီး ပညာမဲ့ လူပြိန်းများပေါများလာမည်။

၅။ အဆိုးဆုံးနှင့်ကိုယ်ကျင့်တရားအပျက်ဆုံး သူများက ခေါင်းဆောင်အုပ်ချုပ်မှု ပြုလာကြမည်။

၆။ အရည်အချင်းမရှိသူ မထိုက်တန်သူများသည် လုပ်ငန်းကွပ်ကဲမှုများကို ပေးအပ်ခံကြရမည်။

ရ။ သေရည်သေရက် သောက်စားမှု များပြားလာမည်။

၈။ တရားတော်အရ အကျိုးမရှိသော ကစားနည်းများနှင့် အတီးအမှုတ် အဆိုအကများ
လွတ်လပ် ပေါများလာမည်။

၉။ ကာမေသုမိစ္ဆာစာရကံ ကျူးလွန်မှုများပြားလာမည်။

၁၀။ မွတ်စ်လင်မ် တစ်ဦးနှင့်တစ်ဦး တွေ့လျှင် စလာမ် မေတ္တာပို့သ၍ နှုတ်ဆက်မှုမပြုတော့ဘဲ 
ဆဲဆို၍သာ နှုတ်ခွန်းဆက်သကြလိမ့်မည်။

၁၁။ နှလုံးသားအတွင်း၌ သစ္စာသမာဓိ စိတ်ဓါတ်များနှင့် အကြင်နာ မေတ္တာတရား ခေါင်းပါး
လာကြပြီး အရှက်အကြောက် ကင်းမဲ့လာကြမည်။

၁၂။ တမန်တော်မြတ် ၏ သြဝါဒများအား လုပ်ကြံ လိမ်လည်၍ ဆင့်ပြန်လာကြမည်။

၁၃။ မွတ်စ်လင်မ်များကို (ကာဖွရ်)ငြင်းပယ်သူများနှင့်(မွရှ်ရိက်)တုပကိုးကွယ်သူများမှ
အဖက်ဖက်မှ ဖိနှိပ်လာကြမည်။

၁၄။ ကမ္ဘာတစ်ဝှမ်း နေရာအနှံ့ အပြား ပြင်းထန်သောမြေငလျင်များ လှုပ်လာမည်။

အထက်ဖော်ပြပါ နိမိတ်လက္ခဏာများသည်(ကိယာမတ်)ကမ္ဘာကြီးပျက်စီးကာနီး ဖြစ်ပေါ်
လာမည့် နမိတ်လက္ခဏာများ ထဲမှ အချို့ သော လက္ခဏာများကို တင်ပြပေးခြင်းဖြစ်ပါသည်။

အို အရှင် ... ကျွန်တော်မျိုးတို့  နှလုံးသားထဲမှာ စွဲထင်နေသည့် မကောင်းသော အမူအကျင့်
ဆိုးများနှင့် မကောင်းသော လုပ်ရပ်များကို ဖယ်ရှားပေးသနားတော်မူပါ။ ... အာမီးန် ...

No comments:

Post a Comment