Showing posts with label ကျမ်းမာရေး. Show all posts
Showing posts with label ကျမ်းမာရေး. Show all posts

Thursday, 2 January 2014

လည်ချောင်းနာသူများအတွက်ဆေးကောင်းတစ်ခွက်


2-01-2014 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ် သတင်းစာ (စာမျက်နှာ ၂၁) မှာပါ တဲ့ဆောင်းပါးလေးဖြစ်ပါတယ်။ FB မှ စာဖတ်မိတ်ဆွေများ သုတရစေဖို့ မျှဝေလိုက် ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.....ပေါက်ပေါက်) ++++++++++++++++++ <<လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >> *** အပူကန်လည်ချောင်းနာအတွက် ဆေးတစ်ခွက် *** ဆောင်းရာသီကဲ့သို့ အေးမြတဲ့ရာသီရောက်လာတဲ့အခါတိုင်း၊ ခန္ဒာကိုယ်တွင်း အပူ ဓာတ်များသူတွေမှာ အပူကန်ထွက်လာပြီး လည်ချောင်းနာလေ့ရှိကြပါတယ်။ အဲဒီလို အပူဓာတ်များသူတွေအဖို့ ခါတိုင်းထက်ရေပိုသောက်ပေးရမှာဖြစ်ပြီး၊ ပုံမှန်ရေချိုးနေကျ အတိုင်း တစ်နေ့  ၂-ကြိမ်(သို့ မဟုတ်)အနည်းဆုံး ၁-ကြိမ် နေ့ စဉ်ရေချိုးပေးဖို့ လို ပါ တယ်။ ကိုယ်လက်လှုပ်ရှား များများလုပ်ကာ၊ ကောက်ညှင်းပေါင်းလို ၀မ်းချုပ် စာတွေမ စားဘဲ၊ သင်္ဘောသီး၊ ဌက်ပျောသီးတို့ လိုဝမ်းနူးစာတွေကိုစားပေးသင့်ပါတယ်။ အပူကန်၍ လည်ချောင်းနာတဲ့ဝေဒနာဟာ လည်ချောင်းထဲကို မီးစနဲ့ ထိုးခံရသလို ပူစပ်ပူလောင်ခံစားရပြီး၊ အာသီးရောင်သကဲ့ သို့ တံတွေးမြိုချတဲ့အခါ တိုင်းနာ တဲ့အပြင်၊ လည်ချောင်းထဲက ယား၍ချောင်းဆိုးတတ်ပြန်တာကြောင့် အင်မတန် ခက်ရခက်တဲ့ ဝေဒနာတစ်မျိုးပါဘဲ။ဒိအတွက် စိတ်ညစ်မနေပါနဲ့ ။ ဟောဒီ မှာ ဆေးကောင်းတစ်လက်ရှိပါတယ်။ဒီဆေးဖော်စပ်နည်းက

Friday, 20 December 2013

ခြေဖ၀ါး ကွဲနေသူများ


ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်
=======================================

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။

ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။

How to Fix Dry Cracked Feet

အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။