အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အနုပညာရှင် Leslie Garcia ကကိရိ ယာ တစ်ခုကို တီထွင် လိုက်ပါပြီ။
သက်ရှိလို့ ဆိုလိုက်တာနဲ့ အပင်တွေ ပါမှန်း သိကြပေမယ့် သူတို့ဟာ သက်ရှိ အဖြစ် ဆက်ဆံခြင်း ကိုတော့ မခံကြ ရရှာပါဘူး။ ပန်းတစ်ပွင့်ကို ခူး ဆွတ်တော့ မယ်ဆိုရင်၊ မြက်ခင်းပေါ် နင်းလျှောက် တော့မယ်ဆိုရင် အပင်လေး တွေဟာလည်း သက်ရှိ ပီသစွာ နာကျင်မှုကို ထုတ်ဖော် ပြသ ကြ တာပါပဲ။ ဒါတွေကို လူသားတွေ သိရှိနိုင် စေဖို့ အနုပညာရှင် Leslie Garcia ကကိရိယာ တစ်ခုကို တီထွင် လိုက်ပါပြီ။ အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အသံချဲ့ စက်တွေ (amplifiers)၊ စွမ်းအင် သွင်ပြောင်း ကိရိယာ တွေ (tranducers) ကိုအနုပညာရှင် Leslie Garcia ကအသုံးပြု ခဲ့ပြီး အသံတွေ ကြားရအောင် လုပ်ဆောင် ခဲ့ပါတယ်။ ၁၉၄၉မှာ "The Sound Machine" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို Roald Dahl ကရေးသားခဲ့ ဖူးပါတယ်။ အဲထဲမှာ လူတစ်ယောက်က သာမန်နားနဲ့ မကြားနိုင်တဲ့ frequency နိမ့်တဲ့အသံ တွေကို ကြားအောင် စွမ်းဆောင် ပေးတဲ့စက် တစ်မျိုးကို တီထွင်ခဲ့ပြီး အပင်တွေ ကကမ္ဘာ လောကကြီးကို အသံပြု တုံ့ပြန် ကြတယ် ဆိုတာကိုပါ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

Leslie Garcia ရဲ့စပိန်လို "Pulsu (m) Plantae" လို့အမည် ပေးထားတဲ့ဒီ project မှာတော့ အပင်တွေက အသံပြု ကြတယ်လို့ ဖော်ပြထားတာ မဟုတ်ပါဘူး။ Garcia ကအပင်တွေရဲ့ ဇီဝကမ္မ တုံ့ပြန်မှုကို ပြင်ပလှုံ့ဆော်မှု တွေထိ သရုပ်ခွဲ လေ့လာခဲ့ပြီး real time "audio prosthetic" ကို တီထွင် ခဲ့တာပါ။ အဲ့တာက အပင်တွေရဲ့ တုံ့ပြန်မှု ပုံစံ အမျိုးမျိုးကို တစ်ချိန်တည်းမှာ သက်ဆိုင်ရာ အသံတုတွေ အဖြစ် ပြောင်းလဲ ထုတ်လွှင့် ပေးမယ့် ကိရိယာ တစ်ခု ဖြစ်ပါတယ်။ အဲ့ကိရိယာမှာ အပင်ရဲ့ လုပ်ဆောင်မှု တွေကို စောင့်ကြည့် လေ့လာ ပေးမယ့် sensor တွေ၊ အဲ့ sensor တွေက ဖတ်လို့ ရတာတွေကို အသံအဖြစ် ပြောင်းလဲ ပေးမယ့် tranducer တစ်ခုနဲ့ ဒီအသံ တွေကို နားသောတ ဆင်နိုင်ဖို့ amplifier တွေပါဝင် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အပင် တွေဟာ ထိတွေ့မှု၊ အသံနဲ့ အလင်းတွေကို မတူညီတဲ့ အသံဆိုင်ရာ တုံ့ပြန်မှုတွေ ထုတ်လွှင့် ကြတယ် ဆိုတာကိုလည်း Garcia ကတွေ့ရှိခဲ့ ပါသေးတယ်။

သူမရဲ့ နောက်ထပ် တွေ့ရှိမှု ကတော့ အပင်တွေဟာ ရွက်ကြောချင်း ဆက်စပ်နေရင် တစ်ပင်နဲ့ တစ်ပင် တ၀ီဝီ မြည်ပြီး အသံပေး တတ်ကြ တယ် ဆိုတာပါ။ အပင်တွေရဲ့ ဆက်သွယ်မှု တွေကို ပြောင်းပေး လိုက်ရုံနဲ့ အသံ အရည်အသွေး တွေလည်း ပြောင်းလဲ သွားပါတယ်။ အပင် တွေ ခံစား တတ်တယ် ဆိုတဲ့ အယူအဆ က အသစ် အဆန်းတော့ မဟုတ် ပါဘူး။ အလင်းနဲ့ ရေကို အပင်တွေ တုံ့ပြန် ကြတဲ့ အချက်ကို ကျွန်တော် တို့ မြင်နေရ တာပဲလေ။ ဒါပေမယ့် Garcia ရဲ့အခု တွေ့ရှိမှု ကတော့ အသိ တရား တစ်ခုကို ပေးပါ တယ်။ အဲ့ဒါကတော့ ပန်း တစ်ပွင့်ကို ခူးဆွတ် တော့မယ် ဆိုရင် ဒါမှမဟုတ် တခြား လမ်း ကောင်းကောင်း ရှိနေရဲ့နဲ့ မြက်ခင်းပေါ် နင်းလျှောက် တော့မယ် ဆိုရင် ချက်ချင်းပဲ သင့်ကို နှစ်ခါပြန် စဉ်းစား စေနိုင်တဲ့ စစ်မှန်မှု အသိ တရား ပါပဲ။
ပြောတဲ့အသံကိုနားထောင်ချင်တယ်ဆိုရင်တော့အောက်က
watch now ကိုနှိပ်ပြီး ကြည့်ရှု နားထောင်နိုင်ပါတယ်.....
No comments:
Post a Comment