ကြိုးစားကြစို့ 
မကြီးမြတ်ရင် နေပါစေ ..
မယုတ်ညံ့မိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
ကတိ မတည်နိုင်ရင်နေပါစေ ...
မလှည့်ဖျားမိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
လက်တွဲမခေါ်နိုင်ရင် နေပါစေ ...
တွန်းမချပစ်ခဲ့မိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ် ...
ရှေ့ မဆောင်နိုင်ရင် နေပါစေ ...
ကန့်လန့်မတိုက်မိဖို့ တော့ ငါတို့ကြိုးစားရလိမ့်မယ်...
မစွန့်ကြဲနိုင်ရင် နေပါစေ....
အချောင်မလိုချင်မိဖို့ တော့ ငါတို့ ကြိုးစားရလိမ့်မယ်....
No comments:
Post a Comment