Wednesday, 25 September 2013

ကုရ်ဘာန်နီခေါ် (သားကောင်အားစွတ်လွတ်လှုဒါန်းခြင်း)

အစ္စလာမ်သည် လောကီ လောကုတ္တရာနှစ်ဖြာလုံးနှင့်သက်ဆိုင်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ ဒါကြောင့် လောကီသက်သက်ရပ်တည်တဲ့ တရားတွေကို မသွန်သင်သလို၊လောကုတ္တရာသက်သက်အတွက်သာ ရပ်တည်နိုင်တဲ့ လမ်းတွေကိုလည်း မပြပါဘူး။ လောကီအတွက်ရပ်တည်ရင်းလောကုတ္တရာအကျိုးကို ဖြစ်ထွန်းစေတဲ့ လူသားထုကြီး တစ်ခုလုံး အလွယ်တကူ ကျင့်သုံးနိုင်တဲ့တရားတွေကိုသာ သွန်သင်ပါတယ် (ကြည့် ကုရ်အာန်ကျမ်းတော်မြတ်- အမြင့်မြတ်ဆုံးအရှင်ကဏ္ဍ၊ပါဒတော်၈၊ ဂါဝီကဏ္ဍ၊ပါဒတော် ၁၈၅နှင့် ဟဂ်ျကဏ္ဍ၊ပါဒတော် ၇၈)။

အစ္စလာမ့်သွန်သင်ချက်အရလူသားသည် အဆင့်အမြင့်ဆုံးဖန်ဆင်းခံဖြစ်ပြီး ခပ်သိမ်းသောစကြဝဠာနှင့် ထိုရှိ အခြားသက်ရှိသက်မဲ့အရာအားလုံးတို့သည်လူသားတို့အတွက် တရားလမ်းစဉ်နှင့်အညီ အသုံးချရန် အတွက်ဖြစ်သည်။ အရှင်မြတ် ဖန်ဆင်းထားသောအသက်ဇီဝိန်တစ်ခုမျှကိုပင် မတရား မသတ်ဖြတ်ဖို့ တိတိကျကျထားမြစ်ထားပြီးဖြစ်သည်(ကြည့်ကုရ်အာန်ကျမ်းတော်မြတ် သားကောင်များကဏ္ဍ၊ ပါဒတော် ၁၅၁)။ သို့ရာတွင် လူသားရပ်တည်မှုအတွက်လိုအပ်ပါက တရားလမ်းစဉ်နှင့် အညီတော့ ခွင့်ပြုထားပေသည် (ဥပမာ- အစားအစာအတွက်၊ လူသားမျိုးနွယ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက် စသည်)(ကြည့် ကုရ်အာန်ကျမ်းတော်မြတ် ပျားကောင်ကဏ္ဍ၊ ပါဒတော်၅ မှ ၈နှင့် အစ္စရာအီလီမျိုးနွယ်ကဏ္ဍ၊ ပါဒတော် ၃၃)။ အစ္စလာမ်က အလယ်အလတ်လမ်းစဉ်ကိုသာ သင်ကြားပြသပါသည်။အသားချည်းပဲ အစားကြူးရန် မသွန်သင်ထားသလို သားသတ်လွတ်ကြီးပဲ စားရန်လည်း မပြောထားပါ။သင်တင့်မျှတစွာ စားသုံးခိုင်းပါသည်။ အဘယ်ကြောင့်ဆိုသော်  အစ္စလာမ့်ကျမ်းတော်မြတ် ကုရ်အာန်သည် လူသားထုတစ်ခုလုံးကိုရည်ရွယ်သောကြောင့် သင်ကြားချက်များသည်လည်း လူသားထုတစ်ရပ်လုံးကို ရည်ရွယ်ပါသည်။ လူသားထုတစ်ရပ်လုံးအနေဖြင့်အသားဓာတ်အတွက် ပဲ၊နို့၊ လေဥများနှင့် တိရိစ္ဆာန်တို့အသားဓာတ်များမှ ထုတ်ယူထားသော အားဆေးတောင့်များကိုပဲမှီခိုရန် လုံးဝမဖြစ်နိုင်ပါ။ ကမ္ဘာပေါ်တွင် ယနေ့ကြုံတွေ့နေရသော ပရိုတင်းစွမ်းအင်ချို့တဲ့မှုရောဂါဆိုးအကြောင်းကိုလေ့လာလျှင် ပိုမို ထဲထဲဝင်ဝင် သိနိုင်ပါသည်။ ထို့ကြောင့်လည်း လူသား၏ အရှင်က လူသား၏အစာအိမ်အူလမ်းကြောင်းကို အစုံစားသတ္တဝါ (အသားရော ဟင်းသီးဟင်းရွက်ပါချေဖျက်နိုင်သည့်)ပုံစံဖြင့်ဖြစ်စေထားသည်။ တသီးပုဂ်ဂလအနေဖြင့် မိမိတွင် ရွေးချယ်ပိုင်ခွင့်ရှိပေသည်။
နောက်တစ်ချက်က လူသားမျိုးနွယ်ထုတစ်ခုလုံး ရပ်တည်မှုအတွက်ပါ။လွယ်လွယ်ကူကူဥပမာပေးရရင် ရောဂါပိုးတွေနဲ့ ရောဂါကူးစက်စေတဲ့ vector လို့ ခေါ်တဲ့ မျက်လုံးနဲ့မြင်ရအားလုံးသက်ရှိလို့ အသိအမှတ်ပြုထားတဲ့ အကောင်တွေ( ခြင်တွေ ယင်တွေ ကြွက်တွေ စတာတွေ)ကိုသုတ်သင်ဖို့ ခွင့်ပြုထားမျိုးပါ။ လူ့အသက်နဲ့ပတ်သက်လို့လည်း လူ့အသက်တစ်ချောင်းကို မတရားသတ်ဖြတ်လိုက်လျှင်ပင်လူသားထုတစ်ရပ်လုံးကို သတ်ဖြတ်သကဲ့သို့လို့ ပြတ်ပြတ်သား သင်ကြားထားပြီးသားပါ(ကြည့် ကုရ်အာန်ကျမ်းတော်မြတ်ခဲဘွယ်ဘောဇဉ်ကဏ္ဍ၊ ပါဒတော် ၃၂)။ တရားသော အသက်နှင့်ပတ်သက်သည့် အပြစ်ပေးခြင်းကို မူခွင့်ပြုထားပါသည်။အလွယ်ပမာပေးရလျှင် ခွင့်မလွှတ်နိုင်သော ပြစ်မှုကြီးများကို ကျူးလွန်သူတို့ကို သေဒဏ်အပြစ်ပေးခြင်း(ကြည့်ကုရ်အာန်ကျမ်းတော်မြတ် ခဲဘွယ်ဘောဇဉ်ကဏ္ဍ၊ ပါဒတော် ၃၃)နှင့် မတရားကျူးကျော်စစ်မက်ပြုသူများကိုပြန်လည် ခုခံတိုက်ခိုက်ခြင်းမျိုး(ကြည့် ကုရ်အာန်ကျမ်းတော်မြတ် နောင်တရခြင်းကဏ္ဍ)ပါခင်ဗျာ။အနှစ်ချုပ် ပြန်ပြောရလျှင် အစ္စလာမ်က လူသားမျိုးနွယ်ရပ်တည်မှုအတွက် မရှိမဖြစ်လိုအပ်သောတရားသော သတ်ဖြတ်ခြင်းကို ခွင့်ပြုပေးထားပါသည်။ တစ်ဖက်တွင်လည်း တိရစ္ဆာန်ဖြစ်စေ လူ့အသက်ဖြစ်စေမတရားသော သတ်ဖြတ်ခြင်း နှိပ်စက်ညှင်းပန်းခြင်းမျိုးကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါသည်။တိရစ္ဆာန်ပင်ဖြစ်စေကာမူ သနားညှာတာရန် သွန်သင်ထားပြီးဖြစ်ပါသည်။

နောက်တစ်ပိုင်းကတော့အီးဒ်ပွဲတော်မှာ နွားနဲ့ ဆိတ်ကိုပဲ အသားစွန့်လှူတာမဟုတ်ပါဘူး။ အရပ်ဒေသပေါ်မူတည်လို့သားကောင်ကွဲပြားတာဖြစ်ပါတယ်။ နွားဆိတ်တို့အပြင် အခြားနွားမျိုးနွယ်ဝင်သားကောင်များ၊ကျွဲနှင့် ကျွဲမျိုးနွယ်ဝင်သားကောင်များ၊ သိုးစသည်နှင့် ကုလားအုတ်များကိုလည်း စွန့်လှူပါတယ်ခင်ဗျာ။အနှစ်သာရကတော့ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဂျူးဘာသာကြီးသုံးခုရဲ့ ဖခင်ကြီးလို့တင်စားခြင်းခံရတဲ့အစ္စလာမ့်တမန်တော်ကြီး အီဗရာဟင်(ငြိမ်းချမ်းပါစေ) နှင့် မိသားစုရဲ့ အရှင့်အတွက် မိမိတို့အသက်အိုးအိမ်စည်းစိမ်ကိုပင် ပဌာနမထားပဲ စွန့်လှူခဲ့တာကို အခြေခံထားတာဖြစ်ပါတယ်။ တတ်နိုင်သူမွတ်စလင်မ်များအနေနှင့်သားကောင်များကို စွန့်လှူပြီး မိမိတို့ဆွေမျိုးသားချင်းများနှင့် မရှိဆင်းရဲသားများကိုလူမျိုးဘာသာမခွဲခြားဘဲ အသားလှူဒါန်းဒါနပြုခြင်းသာဖြစ်ပါတယ် (ကြည့် ကုရ်အာန်ကျမ်းတော်မြတ်ဟဂ်ျကဏ္ဍ၊ ပါဒတော် ၂၈)။ သားကောင်းအားသက်ဖြတ်ပြီးယစ်ပူဇော်ပွဲမဟုတ်ပါဘူး ကိုယ်တွင်၇ှိသောပိုက်ဆံဖြင်သားကောင်းအားစွန်လွတ်လှုဒါန်းခြင်းဖြစ်ပါတယ်.... သက်ဖြတ်မှကုသိုလ်ရတယ်ဆိုဒါကတော့ လုံးလုံးကြီးမှားနေပါတယ်....

No comments:

Post a Comment