Friday, 6 December 2013
အမေးအတွက်အဖြေ
လူငယ်တစ်ဦးဟာ နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ ပညာလေ့လာပြီးနောက်
မွေးရပ်မြေကိုပြန်ရောက်လာတယ်။အဲဒီအခါ သူက မိဘတွေကို ဘာသာရေးပညာမှာ နှံ့စပ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးရှာပေးဖို့ ပြောတယ်။
ဘာလို့လဲဆိုတော့ သူ့မှာ အလွန်ဖြေရခက်တဲ့ မေးခွန်းသုံးခု မေးစရာရှိလို့တဲ့။ ဒါနဲ့ သူ့ရဲ့မိဘတွေက နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ ဆန္ဒအတိုင်း သာသနာ့အသိပညာရှိသူတစ်ဦးကို ရှာဖွေပြီး တွေ့တာနဲ့ အိမ်ကို ခေါ်လာခဲ့
တယ်။
" ခင်ဗျား ဘယ်သူလဲ၊ ကျွန်တော်မေးမယ့် မေးခွန်းတွေကိုရော
ဖြေနိုင်ပါ့မလား "
" ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျွေးကျွန်တစ်ဦးပါပဲ။
အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ခင်ဗျားရဲ့မေးခွန်းတွေကို
ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကဲ - မေးစရာရှိတာမေးပါ "
" သေချာရဲ့လားဗျာ။ ကျွန်တော်မေးခွန်းတွေကို ပေ၇ာ်ဖက်ဆာတွေနဲ့
ပညာ၇ှင်တွေတောင်မှ မဖြေနိုင်လို့ လက်မှိုင်ချခဲ့တာဗျ "
" မေးချင်တာမေးစမ်းပါ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ကျွန်တော်
ဖြေနိုင်မှာပါ "
" ကောင်းပြီလေ၊ ကျွန်တော်မေးချင်တာက
၁။ အလ္လာဟ်အရှင်မြတ်တည်၇ှိတယ်ဆိုတာ တကယ်ပဲလား။
၂။ တက္ကဒိရ် ဆိုတာ ဘာလဲ။
၃။ ရှိုင်သွာန်ကို မီးနဲ့ဖန်ဆင်းခဲ့တယ်ဆို၇င် ဘာကြောင့်များ နောက်ဆုံးမှာ
သူ့ကို မီးတွင်းကြီးဖြစ်တဲ့ ဂျဟန္န္န္နမ်ထဲ ချပစ်ရတာလဲ၊ မီးနှစ်မီးတွေ့တဲ့အခါ
ရှိုင်သွာန်အတွက် ဘာမှနာကျင်ထိခိုက်မှာမဟုတ်ဘူးလေ။ဒါတွေကို
ရှင်းပြစမ်းပါဗျာ "
အဲဒီအခါ သာသနာ့ပညာရှင်က ရုတ်တရက် လူငယ်ရဲ့ ပါးကို ဖြန်းခနဲ ရိုက်လိုက်တယ်။ ဒီတော့ လူငယ်က သူ့ရဲ့ပါးကို လက်းဝါးနဲ့ပွတ်ပြီး
" ဘာလို့ဒေါသထွက်၇တာလဲဗျ " လို့ ပြန်မေးတယ်။
" ငါ မင်းကို ဒေါသထွက်လို့ ရိုက်တာမဟုတ်ဘူး။ မင်းရဲ့ မေးခွန်းသုံးခုကို
ပါးရိုက်ပြီး ဖြေလိုက်တာပဲ "
" ကျွန်တော်တော့ တကယ်ကို နားမလည်နိုင်တော့ဘူးဗျာ "
" ကဲ - ဒါဆိုလဲရှင်းပြမယ်။ ငါ မင်းကို ပါးရီုက်လိုက်တော့ မင်းဘယ်လိုခံစားရသလဲ "
" ဟ - နာတာပေါ့ဗျ "
" ဒါဆို နာကျင်ခြင်းဆိုတာရှိကြောင်း မင်း ယုံကြည်တယ်ပေါ့ "
" ယုံတယ်လေ "
" ဟုတ်ပြီ။ အခုမင်း ငါ့ကို အဲဒီနာကျင်ခြင်းဆိုတာ ငါကြည့်ချင်လို့
ပုံသဏ္ဍာန်နဲ့ မြင်အောင် ပြစမ်းပါ "
" ဘယ်လိုလုပ် ပြနိုင်ပါ့မလဲ"
" အေး - ဒါ ပထမ မေးခွန်းရဲ့ အဖြေပဲ၊ အလ္လာဟ်အ၇ှင်မြတ် မုချဧကန် တည်ရှိတယ်ဆိုတာ တို့တတွေ သိနိုင်တာပဲ။ ဒါကို အလ္လာဟ်အ၇ှင်မြတ်ရဲ့ ပုံသဏ္ဍာန်ကတော့ ဒီလိုပါဆိုပြီးပြဖို့ ဘယ်လိုလုပ်ပြနိုင်ပါ့မလဲ။ ဟုတ်ပြီလား။ ပြီးတော့ မနေ့ညက ငါ အခုလို မင်းကို ပါးရီုက်တယ်လို့များ မင်း အိမ်မက်မက်ခဲ့သေးလား "
“ မမက်ခဲ့ပါဘူး "
" ကောင်းပြီလေ။ ဒါဆိုလည်း မင်းဟာ တနေ့နေ့မှာ ငါရဲ့လက်နဲ့ ပါးရိုက်ခြင်းကို ခံရလိမ့်မယ်လို့ရော တွေးမိရဲ့လား "
" ဟင့်အင်း - မ၇ှိပါဘူး "
" တက္ကဒိရ်ဆိုတာ ဒါပဲပေါ့။ နောက်ပြီး မင်းရဲ့ပါးကို ရိုက်ခဲ့တဲ့ ငါရဲ့ လက်က ဘာနဲ့ဖန်ဆင်းထားတာလဲ ဖြေပါဦး "
" အသွေးအသားနဲ့ ဖန်ဆင်းထားတာလေ "
" ဒါဆိုရင် မင်းရဲ့ ပါးပြင်ကေ၇ာ ဘာနဲ့ ဖန်းဆင်းထားတာလဲ "
" အသွေးအသားနဲ့ ဖန်ဆင်းထားတာပေါ့ "
" ဒါဖြင့် မင်းကို ငါ့လက်နဲ့ ရိုက်လိုက်တော့ မင်း ဘယ်လို ခံစားရလဲ၊ မနာဘူးလား"
" နာတာပေါ့ဗျ "
"ဒါပေါ့။ ဒီလိုပဲ ဖြစ်ရမယ်လေ။ ရှိုင်သွာန်နဲ့ဂျဟန္န္န္နမ်က မီးနဲ့ဖန်ဆင်းထားတာချင်းတူပေမယ့် ရှိုင်သွာန်ကို ဂျဟန္န္န္နမ်ထဲ ထည့်လိုက်တဲ့အချိန်မှာ အလ္လာဟ်အ၇ှင်မြတ်ရဲ့ အလိုတော်နဲ့ ရှိုင်သွာန်ဟာ အလွန်ပဲ နာကျင်ပြင်းပြတဲ့ဝေဒနာကို ခံစားရမှာ အမှန်ပဲ "
ဒီလိုနဲ့ လူငယ်လေးပြောသလို ပေ၇ာ်ဖက်ဆာတွေနဲ့ပညာရှင်တွေ မဖြေနိုင်တဲ့မေးခွန်းကို သာသနာ့အသိပညာရှိသူက တစ်ချက်တည်း ပါးရိုက်ပြီး မေးခွန်းသုံးခုစလုံးကို ဖြေပေးလိုက်တယ်။
Labels:
အစ္စလာမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment