Friday, 27 December 2013
Easy Unrar Unzip & zip premium v2.9 (android ဖုန်းထဲမှာ zip file တွေဖွင့်မယ်)
Android မှာ zip ဖိုင်နဲ့ rar ဖိုင်အမျိုးအစားတွေကို ဖြည်ထုတ် ပေးတဲ့ apk ဖြစ်ပါတယ်.. Online မှာ တင်ထားတဲ့ ဖိုင်တော်တော်များများကို zip, rar ဖိုင်တွေနဲ့ ချုံ့ထားလေ့ရှိကြပါတယ်.. ဒီ App က နိုဝင်ဘာလက နောက်ဆုံးထွက်ထားတာဖြစ်ပြီး တောင်းထားတဲ့ မိတ်ဆွေအတွက်နဲ့ အခြား လိုချင်သူများအတွက်ပါ.. Google Play မှာတော့ ယူရိုငွေ 0.50 ကျသင့်မှာဖြစ်ပါတယ်..
မှတ်ချက်  OS : Android 1.6+  အထက်ရှိမှရမှာပါ.....
လိုချင်ရင်တော့အောက်မှာ လင့် နှစ်ခုပေးထားပါတယ်..ကြိုက်ရာကဒေါင်းပါ..
Thursday, 26 December 2013
အစ္စလာမ်ကပြောသောကိုယ်ကျင့်တရား (မွဖ်တီဂျာဖရ်)
window 8.1 မှာ system rating ဘယ်လိုလုပ်မလဲ
window 8.1 မှာ system rating လုပ်ကြရအောင် )  ကဲစကြရအောင် ဒီ system rating က windows အသစ်တင်လိုက် တိုင်းမှာ မဖြစ်မနေလုပ်ပေးရမဲ့ လုပ်ကိုလုပ်ပေးရမယ့် window feature တစ်ခုပါ။ ဘာဖြစ်လို့ လုပ်ကိုလုပ်ရမယ် လို့ ပြောရလဲဆိုတော့ ကျွန်တော်လေ့လာမိသလောက် ကျွန်တော် Online ပေါ်မှာ ကျွန်တော့ရဲ့ Blogger အကိုကြီးတွေ ပြေပြချက်အရ system rating မလုပ်ထားရင် RAM memory တွေ အပြည့်အဝ အလုပ်မလုပ်တာတွေ | Graphic memory တွေ အလုပ်မလုပ်တော့ game ဆော့လို့မကောင်းတာတွေ ကိုသွားတွေ့တယ် နောက်ပြီး system rating ကိုလုပ်မယ်ဆိုရင် battery power လုပ်လို့မရပါဘူး charger တပ်ပြီး လုပ်မှရပါတယ်     အရင် windows တွေမှာ ပါပေမဲ့ window 8.1 မှာတော့ ဒီ system rating လို့ခေါ်တဲ့ Windows Experience Index feature ကပါ မလာပါဘူး
တစ်ခြား ပါမလာတဲ့ feature တွေ ၅ ခုလောက် ရှိပါသေးတယ် ကယ်လုပ်ကြည့်ရအောင် syatem rating မလုပ်ခင် အရင်ဆုံး this PC /Local Disk C / window / performance /WinSat / DataStore 
DataStore ကိုဖွင့်လိုက် system rating မလုပ်ရသေးရင် အဲဒီ folder ထဲမှာဘာမှမရှိပါဘူး။ပြီးသွားရင် အဆင့်ဆင့်ပြန်ထွက်လိုက်ပါ။ ပထမဆုံး
 window+R
Wednesday, 25 December 2013
Paypal အကောင့်အလွယ်ဖွင့်ကြရအောင်
paypal အကောင့် တည်ဆောက်နည်းပါ။ ဒီနေရာမှာနိုင်ငံခြားမှာရှိနေတဲ့ မိတ်ဆွေတွေကတော့ paypal
အကောင့် ကိုအလွယ်တစ်ကူဖွင့် နိုင်ပါတယ်။(ဘာအခက်အခဲမှမရှိပါဘူး) မြန်မာပြည်ကမိတ်ဆွေတွေအနေနဲ့ ကတော့  နဲနဲခက်ဲပါတယ်။အခန့် မသင့် ရင်တော့ limited လုပ်တာကိုခံရမှာဖြစ်ပါတယ်။ပထမတစ်ခေါက်တုန်းက
ဖော်ပြပေးခဲ့ ဘူးပါတယ် error တွေတက်လို့ ပြန်ဖျက်ပေးခဲ့ ဘူးပါတယ်။အခုတောာ့အဆင်ပြေမယ်နည်းလမ်းတစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတတယ်။
မြန်မာပြည်ကမိတ်ဆွေတွေအနေနဲ့ paypal အကောင့် ကိုလုပ်မယ်ဆိုရင်အရင်ဆုံးpoxy ကျော်ရမှာဖြစ်ပါတယ်။poxy ကျော်နည်းကို ဒီမှာ အရင် ဝင်လုပ်ပေးပါ။ ကျန်တဲ့ နိုင်ငံခြားကမိတ်ဆွေတွေကတော့ ဘာမှလုပ်စရာမလိုပါဘူး။
အောက်ကအတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။မြန်မာပြည်ကမိတ်ဆွေတွေအတွက်ကတော့  60 % လောက်ပဲခန့် မှန်းပါတယ် ။ကြိုးစားချင်တယ်ဆိုရင်တော့ အောက်ကအတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။
(အဆင့် -၁ ) paypal အကောင့် ကို sing up လုပ်ရန် https://www.paypal.com/  သို့ သွားလိုက်ပါ။sign up ကိုနိပ်ပါ။
Friday, 20 December 2013
ခြေဖ၀ါး ကွဲနေသူများ
ရာသီဥတု ဒဏ်ကြောင့် ခြောက်ကပ်ပြီး ခြေဖ၀ါး ကွဲနေသူများ အတွက်
=======================================
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ ရာသီဥတု ဒဏ်ကြောင့်ပဲ ဖြစ်ဖြစ် ခြောက်ပြီး ကွဲတာတို့ ဖြစ်တတ်ကြ ပါတယ်။ ဒီလိုမျိုး အခြေအနေ မျိုးကို ဘယ်လို ပြန်လည် ကုစားရ မလဲဆိုတာ ဆက်ပြီး ဖတ်ရှုကြ ပါဦး။
ကျွန်တော်တို့ ခြေဖ၀ါး တွေဟာ သဘာဝ အားဖြင့် စိုစွတ်စေတဲ့ အဆီရည်တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ချွေးပေါက်တွေကို မှီခိုပြီး ထွက်လာတဲ့ ချွေးတွေနဲ့ ခြေဖ၀ါး တွေကို စိုနေအောင် ထိန်းထားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဖြစ်စဉ် မျိုးဟာ တစ်ချို့သော အရာတွေကြောင့် ဖြစ်လေ့ မရှိပါဘူး။ ဆီးချိုရောဂါ၊ Thyroid ရောဂါ၊ အသား အရည်ကို ထိခိုက်စေတဲ့ နာတာရှည် ရောဂါတွေ၊ ခြေလက် ဖောယောင် တတ်တာတွေနဲ့ အ သက်ကြီး ရင့်ခြင်း တို့ဟာ ခြေဖ၀ါးကို ခန်းခြောက် စေတဲ့ အကြောင်း အရင်းထဲမှာ အဓိက တရားခံ တွေပါ။ ဘတ်တီး ရီးယားတွေ၊ ဗီတာမင် ချို့တဲ့တာတွေ၊ ရေနဲ့ တရားလွန် ထိတွေ့တာတွေ၊ ခြေထောက်နဲ့ ဟန်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေထောက်နှင့် ခြေဖ၀ါးပိုင်း လုံလောက်တဲ့ လေ ပမာဏနဲ့ ထိတွေ့ခြင်း မရှိတာ ကြောင့်လည်း ပုံမှန် စိုစွတ်တာ ခြောက်ခန်းပြီး ခြေဖ၀ါး ကွဲတာမျိုးတွေ ဖြစ်တတ် ပါတယ်။
How to Fix Dry Cracked Feet
အခု ကျွန်တော်တို့ ခြေဖ၀ါးတွေ ကွဲရတဲ့ အကြောင်းအရင်း တွေကို လေ့လာ သိရှိကြ ပြီးပါပြီ။ ဘယ်လို ကုထုံး မျိုးနဲ့၊ ဘယ်လို နည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ ခြေဖ၀ါး တွေကို ကုသကြမလဲ။ ဓာတု ပစ္စည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးဝါး မှန်သမျှ ရာနှုန်းပြည့် စိတ်မချ ရပါဘူး။ ခြေထောက် လိမ်းတဲ့ လိမ်းဆေးရည် တွေထက် ပိုပြီး စိတ်ချပြီး ဈေးသက်သာတဲ့ အိမ်သုံးကုထုံး တွေကသာ အကောင်းဆုံး အာမခံချက် ရှိတဲ့ နည်းလမ်း တွေ ဖြစ်ပါတယ်။ အဆိုပါ နည်းလမ်း တွေကို ဖော်ပြရရင် အောက်ပါ အတိုင်း ဆောင်ရွက် ကြည့်နိုင် ပါတယ်။
Facebook အကောင့် အပြီး ဖျက်နည်း
ဖေ့ဘွတ်အကောင့် ဖျက်ချင်တယ်ဆိုရင် အရင်ဆုံး ဒီလင့်ကို ၀င်လိုက်ပါ.....။
ပြီးရင်ကိုဖျက်ချင်တဲ့ Facebook အကောင့်နဲ့ Log in လုပ်ပါ...........
ပေါ်လာတဲ့ထဲ က Submit ကိုကလစ်ပါ.............
နောက်ထပ်ပေါ်လာထဲ မှာ ကို့ရဲ့ Facebook password နဲ့ စာလိမ်လေးကိုဖြည့် ပြီး Okay ကိုသာ ကလစ်လိုက်ပါ က သင်ရဲ့ Facebook အကောင့်လုံးဝ ပျက်သွားမှာပါ...။
(မှတ်ချက်) မိမိဖျက်လိုက်သောလည် အကောင့်မှာ ချက်ချင်မပျက်ပါ 45ရက်ကြာမှ အပြီးတိုင်းပျက်ပါလိမ်မယ် အဲဒါတော့ ဖေ့ဘုတ်ရဲ့ အားနည်းချက်တစ်ခုပေါ့) 
                                      ဇော်မင်းသန်း
Wednesday, 18 December 2013
Laptop မှာ Wifi သုံးလို့မရတဲ့ ပြဿနာကို ဖြေရှင်းနည်း စာအုပ် 2:56:00 am ဘလော့ခရီးသည် No comments
  -Laptop မှာ Wifi ချိတ်ဆက်သုံးလို့မရတဲ့
သူများအတွက် ဒီစာအုပ်လေးကို ဖတ်ရှုလေ့လာလုပ်ဆောင်ကြည့်လိုက်ပါ။
(Credit "Pyae Thaw)
                               စာအုပ်အားဒေါင်းရန်
iPhone 4S နှင့် iPhone 5 အချို့တွင် iOS 7 သို့ဗားရှင်း မြှင့်တင်ချိန်တွင် Message Center နံပါတ်ပျောက်ခြင်းများ ဖြစ်ပေါ်နိုင်
iPhone 4S နှင့် iPhone 5 အချို့တွင် အသစ်ထွက် OS Version ဖြစ်သော iOS 7.0.4 သို့
ဗားရှင်းမြှင့်တင်ချိန်တွင် အချို့သောဖုန်းများ၌ ဖုန်းအတွင်းရှိ Message Center နံပါတ် ပျောက်သွားခြင်းများ ရံဖန်ရံခါ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
ယင်းကဲ့သို့ Message Center နံပါတ်ပျောက်သွားခြင်းများ ဖြစ်ပေါ်လာသော ဖုန်းများတွင် Message ပို့၍မရနိုင်တော့ ပြဿနာများ ဖြစ်ပေါ်လာနိုင်သော်လည်း အဆိုပါ အခက်အခဲနှင့် ပြဿနာအား ဖုန်းအသုံးပြုသူများမှ မိမိတို့ကိုယ်တိုင် အလွယ်တကူပြန်လည် ဖြေရှင်းပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Message Center နံပါတ် ပျောက်သွားသော ဖုန်းများအနေဖြင့် မိမိတို့ဖုန်းများ၏ ဖုန်းခေါ်ဆိုရာ Keypad နေရာတွင် *5005*7672*+95959300 03# အား ရိုက်ထည့်ကာ Call ကိုနှိပ်လိုက်ရမည် ဖြစ်ကြောင်းသိရသည်။ ယင်းကဲ့သို့ ရိုက်ထည့်လိုက်ပါက ဖုန်းတွင် Successful ဟုပေါ်လာမည်ဖြစ်ပြီး လုပ်ဆောင်ချက် ပြီးမြောက်ပါကဖုန်းမှ Message စမ်းသပ်ပို့သင့်ကြောင်း သိရသည်။
Message ပို့၍ရပြီဆိုပါက ထပ်မံပြုလုပ်ရန် မလိုအပ်တော့သော်လည်း Message ပို့၍မရသေးပါက ဖုန်းအားပါဝါခေတ္တပိတ်ကာ ပြန်လည်ဖွင့်ကြည့် ရမည်ဖြစ်သည်။ ဖုန်းပြန်လည် ပွင့်လာချိန်တွင် Message ပြန်လည်ပို့ကြည့်ပါက အဆင်ပြေနိုင်မည် ဖြစ်ကြောင်းသိရသည်။ ဖုန်းအားပါဝါ ပိတ်ကာပြန်ဖွင့်ပြီးချိန်ထိ Message မထွက်သေးပါက နောက်တစ်ကြိမ်
ပြန်လည်ပြုလုပ်ရမည် ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ဖြစ်ခြင်းမှာ ဗားရှင်းတင်ပြီးချိန်တွင် ဖြစ်တတ်သော ပြဿနာတစ်ခုသာဖြစ်ပြီး အများအားဖြင့် Jailbreak ပြုလုပ်ထားသော ဖုန်းများတွင် ပိုမိုဖြစ်တတ်ကြောင်း သိရသည်။ Jailbreak ပြု လုပ်ထားသော ဖုန်းများမှာ ဖုန်းတွင်းရှိ အချက်အလက်များ အားလုံးနှင့်တကွဆော့ဖ်ဝဲများ၊ ဂိမ်းများအားလုံး ပျက်စီးသွားနိုင်သည့် အပြင် ယင်းကဲ့သို့ Message Center နံပါတ်များပါ ပျောက်ကွယ်သွားခြင်းများပါ ဖြစ်တတ်ကြောင်း သိရသည်။ Jailbreak မပြုလုပ်ထားသော အချို့သောဖုန်းများတွင်လည်း ရံဖန်ရံခါ ယင်းကဲ့သို့ပြဿနာများ ဖြစ်ပွားတတ်ကြောင်း သိရသည်။
  Ref : အင်တာနက်ဂျာနယ်- အတွဲ (၁၄)၊ အမှတ် (၄၉)
                                    www.winkabarkyaw.net
Tuesday, 17 December 2013
တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင်
တမန်တော်မြတ်ထိုင်ခဲ့သောကြောင့် ယနေ့တိုင်ရှင်သန်နေတဲ့သစ်ပင် ====================================
      သစ်ပင်အားအနီးကပ်မြင်ရပုံ(၁)
အဲဒီသစ်ပင်ကို တချို့က ဆွဟာဗဟ်သစ်ပင်လို့တောင်ခေါ်ကြပါတယ်။ ဒီသစ်ပင်
 ဟာ ဂျော်ဒန်နိုင်ငံမှာရှိနေပါတယ်။ တမန်တော်မြတ်ကို အရိပ်ပေးဖို့ ယိမ်းညွှတ်ခဲ့တဲ့အတွက် နှစ်ပေါင်း1400ကျော်ခဲ့သည့်တိုင် အသက်ရှင်လျက်ရှိနေပါတယ်။ အံ့သြစရာမှာ အဲဒီသစ်ပင်ရဲ့အနီးအနားမှာ ဘယ်သစ်ပင်မှမရှိတော့ဘဲ ရာသီဥတုပြင်းထန်မှုဒဏ်ကို ကြံ့ကြံ့ခံကာ တစ်ပင်တည်းနှစ်ပေါင်းများစွာအသက်ရှင်ရပ်တည်နေခြင်းပါ။ အဲဒီသစ်ပင်အကြောင်း သိရ်မီဇီကျမ်း အဗ်ဝါးဗွလ်မရာကိဗ်အခန်းမှာပါရှိပါတယ်။ ဆွဟာဗဟ်ကြီး အဗူမူစာအရှ်အရီက ဆင့်ပြန်ပို့ချထားခြင်းဖြစ်ပါတယ်။ တမန်တော်မြတ် صلى الله عليه وسلم သက်တော် ၁၂ နှစ် အရွယ်ဖြစ်ပါတယ်။ ဘကြီးတော်အဗူသွာလိဗ်က ကုရိုက်ရှ်မျိုးနွယ်စုခေါင်းဆောင်များနဲ့အတူ ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ ဆီးရီးယားသို့သွားရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ တမန်တော်မြတ်ကလည်း အတူလိုက်လိုကြောင်းပြောပါတယ်။ အဲဒါနဲ့တမန်တော်မြတ်ကိုလည်း အတူခေါ်ဆောင်လာခဲ့ပါတယ်။ သမိုင်းပညာရှင်များရဲ့အဆိုအရ ခရစ်သက္ကရာဇ် 582 ခုနှစ်အချိန်မှာဖြစ်ပါတယ်။ တမန်တော်မြတ်လိုက်ပါလာတဲ့ ကုန်သည်အုပ်စုဟာ ဗိုင်သွလ်မုကဒ်ဒပ်စ် (ဂျေရုစလင်)မြောက်ဘက် ဒမက်စကတ်မြို့အနီးရှိ ဗွတ်စ်ရာအမည်ရှိဒေသသို့ရောက်တဲ့အခါ အရွက်ထူထည်းပြီးအရိပ်ကောင်းတဲ့အပင်တစ်ပင်အနားမှာ အဗူသွာလစ်ဗ်ဟာ အစီးအနင်းကနေဆင်းလိုက်ပါတယ်။ ကျန်တဲ့ခရီးဖော်အားလုံးဟာလည်း အရိပ်မှာအနားယူဖို့ အစီးအနင်းတွေကနေဆင်းကြပါတယ်။ အဲဒီခေတ်အခါမှာ အဲဒီနေရာဟာ ရောမအုပ်ချုပ်မှုအောက်မှာရှိနေပါတယ်။ အပင်နဲ့မနီးမဝေးမှာ ခရစ်ယန်ဘုရားကျောင်းတစ်ခုလည်းရှိပါတယ်။ အဲဒီဘုရားကျောင်းမှာ (သုံးပါတစ်ဆူဝါဒကိုလက်မခံဘဲ တစ်ပါးတည်းအရှင်ကိုသာ လက်ခံကိုးကွယ်လျက်ရှိတဲ့) ခရစ်ယန်ဘုန်းကြီးတစ်ပါးတရားကျင့်လျက် သတင်းသုံးနေပါတယ်။ ဘုန်းကြီးရဲ့ဘွဲ့မှာ (Bahira) ဗဟီရာဖြစ်ပြီး အဓိပ္ပာယ်က သန့်ရှင်းသူလို့ရပါတယ်။ အမည်အရင်းက SERGIUS စရ်ဂျီးစ် (သို့) ဂျရ်ဂျီးစ်လို့ခေါ်ပါတယ်။ ဗဟီရာဟာ အင်ဂျီလ်ကျမ်း လေးကျမ်းကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားတဲ့ ပညာရှင်တစ်ပါးလည်းဖြစ်ပါတယ်။ အင်ဂျီလ်ကျမ်းကို သင်ကြားပို့ချနေသူလည်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရိုသေလေးစားခံရတဲ့ဘုန်းတော်ကြီးဖြစ်ပါတယ်။ သူဟာ ဆွဟာဗဟ်ကြီး စလ်မာန်ဖာရစီရဲ့ ယခင်ဆရာဟောင်းလည်းဖြစ်ပါတယ်။
Saturday, 14 December 2013
စလာမ်ပေးယူခြင်းဆိုင်ရာ စွန္နသ်အာဒါးဗ်
စလာမ်ဟူသည်(၁) အရှင်မြတ်အားတသခြင်း
                   (၂)ဆုံတွေ့ သူအားသတိပေးခြင်း
                   (၃)ညီနောင်မွတ်ဆလင်နှင့်ခင်မင်ဆက်သွယ်မှုရှိကြောင်းဖေါ်ထုတ်ခြင်း
                   (၄(ကျွန်ုပ်၏နှုတ်၊လက်ကြောင့် အသင့်အားမည်သို့ မျှဒုက္ခမရောက်စေရပါဟုကတိပေးခြင်း
                        တို့ ဖြစ်သည်။
စကားမပြောမီစလာမ်စပေးရမည်။စလာမ်သည်အရှင်မြတ်၏နာမတော်ဖြစ်သည်။ငြိမ်းချမ်းသာယာမှုအပေါင်း
ချီးမြှင့်တော်မူသောအရှင်ဟု အစိပ္ပါယ်ရသည်။
အခါဦးစွာစလာမ်ဆက်သ၏။မလာအိကဟ်များက စလာမ်ကိုဖြေကြားတုံပြန်ကြသည်။ စလာမ်ဆိုခြင်းသည်စွန္နသ်  တုံ့ ပြန်ခြင်းသည်ဝါဂျစ်ဗ်  စလာမ်ဖြေကြားမှူသည်စလာမ်ပေးသည်ထက်သာပိုကောင်းမွန်ရမည်။
ကာဖွရ်
ဟဂ်ျရီအတ်စ်ဝဒ်(ကျောက်နက်တုံး)၏ထူးခြားဆန်းကျယ်ဖြစ်ရပ်
ဟဂ်ျရီအတ်စ်ဝဒ်ကျောက်နက်တုံး၏ထူးခြားဆန်းကျယ်ဖြစ်ရပ်များ ကအ်ဗဟ်ကျောင်း နံရံတွင် ကပ်ထားသည့် ငွေဖြင့် ခိုင်ခံ့စွာ ကွပ်ထားသော အနက်ရောက် ကျောက်တုံးအား ဟဂ်ျရိ အတ်စ်ဝဒ် ဟုခေါ်သည်။ ၎င်း ကျောက်နက်တုံး သည် သမိုင်း တစ်လျောက် တွင် အလွန် ထူးဆန်း အံ့ဖွယ် ဖြစ်ရပ်များ ဖြစ်ပေါ် ခဲ့ပြီး ကြီးမားသည့် ပြောင်းလဲ မှုများ ဖြစ်ခဲ့သည်။ အစ္စလာမ့် သမိုင်း သုတေသီ များက ရေးသား ကြသည်မှာ- ဤ ကျောက်နက်တုံး သည် တမန်တော် အာဒမ် (အလိုင်ဟိစ် စလာမ်) နှင့် အတူ မြေပြင် ပေါ်သို့ ကောင်းကင် မှ ကျရောက် ခဲ့၏။ ၎င်းသည် ဂျန္နသ် မှ ကျောက်တုံး တစ်တုံး ဖြစ်၏။ အလ္လာဟ် အသျှင်မြတ် (စွဗ်ဟာနဟူ ၀သအာလာ) သည် ၎င်းကို မိမိ၏ လက္ခဏာတော် တစ်ရပ် အနေဖြင့် ချပေးတော် မူခြင်း ဖြစ်၏။ ဟဇ်ရသ် အိဗ်နေ့ အဗ္ဗာစ် (ရဿွိ ယလ္လာဟု အန်ဟု) သခင် ဆင့်ပြန် ခဲ့သည်မှာ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) မိန့်တော် မူခဲ့၏။ ဤကျောက်နက်တုံး သည် ကောင်းကင် မှ ကျရောက် ချိန်တွင် နို့ထက်ပင် ပို၍ ဖြူဆွတ် နေ၏။ ၎င်းကို လူတို့၏ အပြစ် ဂိုနာဟ် များက အမည်း ဆိုးလိုက် ကြ၏။ အချို့ ပညာရှင် ကြီးများ၏ အဆိုမှာ- နူးဟ် (အလိုင်ဟိစ္စလာမ်) ၏ ခေတ် သမယ တွင် ရေလွှမ်းမိုး ချိန်၌ ဤ ကျောက်နက်တုံး ကို ဂျိဗ်ရာအိလ် (အလိုင်ဟိစ္စလာမ်) ကောင်းကင် တမန် သည် အဘူ ကူဘိုင်း(စ) တောင်တွင် ထိန်းသိမ်း ခဲ့ပြီး တမန်တော် အိဗ်ရာဟီးမ် (အလိုက်ဟိစ္စလာမ်) ၏ ခေတ်တွင် တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က ကျောင်းတော် အား အသစ် ပြန်လည် မွမ်းမံ ဆောက်လုပ်သော အခါ ဂျိဗ်ရာအီးလ် (အလိုက်ဟိစ္စလာမ်) ကောင်းကင် တမန် သည် ၎င်းတောင် မှ ပြန်လည် ယူဆောင် လာခဲ့ ပေသည်။ အချို့ အာလင်မ် သာသနာ့ ပညာရှင်ကြီး များ၏ အဆိုမှာ- တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) က ကျောင်းတော် ကို ပြန်လည် ဆောက်လုပ် ရာတွင် ယခု ၎င်း ကျောက်နက် အား ချိတ်ဆွဲ ထားသည့် အမြင့်လောက် ရောက်ချိန်တွင် မိမိ သားတော် အိစ်မာအီးလ် (အလိုက်ဟိစ္စလာမ်) အား သွဝါးဖ် လှည့်သူများ သွဝါးဖ် စတင် လှည့်ရန် အမှတ် အသား အဖြစ် ကျောက်တုံး တစ်တုံး ရှာဖွေ စေရာ ဂျိဗ်ရာအီးလ် (အလိုက်ဟိစ္စလာမ်) ကောင်းကင် တမန် က နူးဟ် (အလိုက်ဟိစ္စလာမ်) ၏ ခေတ် ရေလွှမ်းမိုး ချိန်တွင် အလ္လာဟ် အသျှင်မြတ် (စွဗ်ဟာနဟူ ၀သအာလာ) အမိန့်ဖြင့် အဘူ ကူဘိုင်းစ် တောင်တွင် ထိန်းသိမ်း ထားသော ဟိဂ်ျရိ အတ်စ်ဝဒ် ကို ပေးအပ် လိုက်လေသည်။ သို့ရှိရာ တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) သည် ၎င်းနံရံထောင့် တွင် တပ်ဆင် ခဲ့လေသည်။ “ပြဿနာ တစ်ရပ် ပေါ်ခဲ့ခြင်း” တမန်တော် အိဗ်ရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ ခေတ် အခါ သမယ နောက်ပိုင်း တွင် အာရဗ် လူမျိုး တို့၏ ကျော်ကြားသော အမျိုး အနွယ် တို့သည် ကအ်ဗဟ် ကျောင်းတော်ကြီး အား ပြန်လည် မွမ်းမံ၍ မူလ နေရာ ချထား ရာ၌ ကြီးများသည့် ပြဿနာ တစ်ရပ် ဖြစ်ပွား ခဲ့၏။ ၎င်း ပြဿနာ ဖြစ်ရခြင်း အကြောင်းမှာ မက္ကာမြို့ ရှိ မျိုးနွယ်စု တိုင်းမှ ဤ မွန်မြတ် လှသော အခွင့် အရေးကို ရယူလို သောကြောင့် ဖြစ်၏။ နောက်ဆုံး အခြေ အနေ မှာ တစ်မျိုးနွယ် နှင့် တစ်မျိုးနွယ် တိုက်ခိုက် ကြ တော့မည့် ဆဲဆဲ ဖြစ်ခဲ့ ရ၏။ နောက်ဆုံးတွင် အားလုံး တညီ တညွတ်တည်း ဖြင့် နောက် တစ်နေ့ နံနက်၌ ကျောင်းတော် သို့ အစောဆုံး လာရောက် သူသည် ၎င်း အခွင့် အရေး ရမည်ဟု ဆုံးဖြတ်ချက် ချခဲ့ကြ လေသည်။ နောက် တစ်နေ့ နံနက်တွင် ကျောင်းတော် သို့ အစောဆုံး ရောက်ရှိလာ သူမှာ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) ဖြစ်နေ၍ မွန်မြတ်သော အခွင့် အရေးကို ရရှိ ခဲ့၏။ ကိုယ်တော် သည် ဟဂ်ျရိ အတ်စ်ဝဒ် အား ခြုံစောင် ထဲတွင် ထည့်စေ၍ မျိုးနွယ် ခေါင်းဆောင် များအား မ စေသည်။ ကျောက်တုံး အား ထားရန် နေရာသို့ ရောက်ရှိ လာသော အခါ တမန် တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ၀စလ္လာမ်) သည် မိမိ၏ လက်တော်ဖြင့် ၎င်း ကျောက်တုံး အား ကျောင်းတော် ၏ နံရံတွင် တပ်ဆင် လိုက်လေသည်။
Friday, 6 December 2013
အမေးအတွက်အဖြေ
လူငယ်တစ်ဦးဟာ နိုင်ငံရပ်ခြားမှာ နှစ်ပေါင်းများစွာ ပညာလေ့လာပြီးနောက်
မွေးရပ်မြေကိုပြန်ရောက်လာတယ်။အဲဒီအခါ သူက မိဘတွေကို ဘာသာရေးပညာမှာ နှံ့စပ်ကျွမ်းကျင်တဲ့ ပညာရှင်တစ်ဦးရှာပေးဖို့ ပြောတယ်။
ဘာလို့လဲဆိုတော့ သူ့မှာ အလွန်ဖြေရခက်တဲ့ မေးခွန်းသုံးခု မေးစရာရှိလို့တဲ့။ ဒါနဲ့ သူ့ရဲ့မိဘတွေက နောက်ဆုံးမှာတော့ သားဖြစ်သူရဲ့ ဆန္ဒအတိုင်း သာသနာ့အသိပညာရှိသူတစ်ဦးကို ရှာဖွေပြီး တွေ့တာနဲ့ အိမ်ကို ခေါ်လာခဲ့
တယ်။
" ခင်ဗျား ဘယ်သူလဲ၊ ကျွန်တော်မေးမယ့် မေးခွန်းတွေကိုရော
ဖြေနိုင်ပါ့မလား "
" ကျွန်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျွေးကျွန်တစ်ဦးပါပဲ။
အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်နဲ့ ခင်ဗျားရဲ့မေးခွန်းတွေကို
ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကဲ - မေးစရာရှိတာမေးပါ "
" သေချာရဲ့လားဗျာ။ ကျွန်တော်မေးခွန်းတွေကို ပေ၇ာ်ဖက်ဆာတွေနဲ့
ပညာ၇ှင်တွေတောင်မှ မဖြေနိုင်လို့ လက်မှိုင်ချခဲ့တာဗျ "
" မေးချင်တာမေးစမ်းပါ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီနဲ့ ကျွန်တော်
ဖြေနိုင်မှာပါ "
" ကောင်းပြီလေ၊ ကျွန်တော်မေးချင်တာက
ကုရ်အာန် ဗဟုသုတများ..
ကုရ်အာန် ဗဟုသုတများ........
၁။ တမန်တော်မုဟမ္မဒ်(ဆွ)သည် မဒီနာရွှေမြို့တော်တွင် ဘယ်နှနှစ်ကြာ ၀ဟီဗျာဒိတ်တော်ကို ရရှိခဲ့ပါသနည်း။
အဖြေ >>>၁၀ - နှစ်
၂။ ပထမဆုံးသော စူရဟ်ကို ဘယ်ဒေသမှာ ချပေးခဲ့ပါသနည်း။
အဖြေ >>>မက္ကာမြို့
၃။ ကုရ်အာန်တစ်အုပ်လုံး အစအဆုံးပြီးပြည့်စုံစေရန် နှစ်ပေါင်း မည်မျှကြာအထိ ၀ဟီ(ဗျာဒိတ်တော်)ချပေးခဲ့ပါသနည်း။
အဖြေ >>>၂၂ - နှစ်၊ ၅ - လ၊ ၁၄ - ရက်
၎။ ဆွလားသ်၏ ရကအသ်တိုင်းတွင် မဖတ်မနေဖတ်ရသော ကုရ်အာန်၏ စူရဟ်မှာ အဘယ်နည်း။
အဖြေ >>>စူရဟ် ဖွာတေဟာ
၅။ အလ္လာဟ်အရှင်မြတ်က ဆုဒုအာတစ်ခုအဖြစ် သင်ကြားပေးခဲ့သော စူရဟ်မှာ အဘယ်စူရဟ်နည်း။
အဖြေ >>>စူရဟ် အလ်ဖွာတေဟာ
၆။စူရဟ် ဖွာတေဟာကို ကုရ်အာန်၏အစတွင် ဘာအကြောင်းကြောင့် ထားခဲ့ရပါသနည်း။
အဖြေ >>>၎င်းသည် ကုရ်အာန်၏ တံခါးမဖြစ်ပါသည်။
၇။ ကုရ်အာန်ထဲတွင် သူမ၏အမည်ကို တွေ့ရှိရသော တစ်ဦးတည်းသော အမျိုးသမီးကား မည်သူနည်း။
အဖြေ >>>မရ်ယမ်သခင်မ
ကိယာမသ်ရဲ့ နမိတ်လက္ခဏာများ..
တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ ကိယာမသ်မဖြစ်ခင်အလျင် ၎င်း၏ထင်ရှားသေား လက္ခဏာကြီး (၁၀)ချက်အားမြင်တွေ့ခြင်းမရှိပဲ ကိယာမသ်လုံးဝဆိုက်ရောက်လာမည်မဟုတ်ပေ ထို့နောက် အောက်ပါ (၁၀) ချက်ကိုတင်ပြသည်
၁ မီးခိုးထွက်ခြင်း
၂ ဒဂ်ျဂျာလ် ထွက်ပေါလာခြင်း
၃ လည်ပင်းရှည်လျားသေားသတ္တဝါထွက်ပေါလာခြင်း
၎ အနောက်အရပ်မှနေထွက်ခြင်း
၅ ဟဇရသ် အီစာ (အ) ဆင်းသက်လာခြင်း
၆ (ယအ်ဂျုးဂ်ျ) (မအ်ဂျုးဂ်ျ) ထွက်ပေါလာခြင်း
၇ နေသုံးကြိမ်ကြတ်ခြင်း အရှေ့အရပ်တွင်တစ်ကြိမ်
၈ အနောက်အရပ်တွင်တစ်ကြိမ်
၉ အရဗ်ကျွန်းဆွယ်တွင်နေကြတ်ခြင်း
၁၀ ၎င်းတို့၏ နောက်ဆုံးလက္ခဏာမှာ ယမန်နိုင်ငံမှ ထွက်ပေါလာမည့် မီးတောက်မီးလျံဖြစ်သည် ၎င်းမီးသည် လူသားအားလုံးအား စုရုံးရမည့်နေရာသို့ စုရုံးစေလိမ့်မည်
(မွတ်စ်လင်မ်ကျမ်း)
အစ္စလာမ်သာသနာတွင်လူပြန်ဝင်စားခြင်းလုံးဝမရှိပ
အစ္စလာမ်သာသနာတွင်လူပြန်ဝင်စားခြင်းလုံးဝမရှိပါ
အစ္စလာမ်သာသနာသည်ပြီးပြည့်စုံသောသာသနာဖြစ်သည်အစစအရာရာအတွင်းကျကျလွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာကတည်းက အလ္လာဟ်အရှင်မြတ်ကအမိန့်ရှိထားပြီးဖြစ်ပါသည်
လူတစ်ယောက်မွေးဖွားလာလျင် ရိုင်သွာန်တစ်ကောင်ပါမွေးဖွားသည် လူသားနှင့်အတူဟမ်ဇားဒ်သည်တစ်ခါတည်းပါလာသည်
ထိုဟမ်ဇားဒ်သည်ကျွန်ုပ်တို့လူပုံစမ်ဖြသ်သည် လူ့ခန္ဓာသည်ထုထည်အားဖြင့်ထူသည် ထိုဟမ်ဇားဒ်သည်ပါးလွှာသည်
်ထိုဟမ်ဇားဒ်သည် ပျံသန်းလျက်ကမ္ဘာတစ်ဖက်စွန်းမှအခြားတစ်ဖက်စွန်းထိသွားလာနိုင်သည်
အလွန်တရာမြင့်သေားတောင်ကုန်းများအပေါ်မှမြေခုနှစ်ထပ်အောက်ဆုံးသို့သွားလာ၍သမုဒ္ဒရာတို့၏နက်ရိုင်းမှသတင်းများကိုယူဆောင်လာနိုင်သည
လေးလံသေားအရာများကိုမိုင်းပေါင်းထောင်ချီ၍အလွယ်တကူမယူလာနိုင်သည
မြေ၌မြုပ်နှံထားသေားရှေးဟောင်းသိုက်များကိုအသိပေးနိုင်သည်
သံနှင့်ကျောင်တံတိုင်းများမှဖြတ်သန်းနိုင်သည်
ဤသည်အလ္လာဟ်အရှင်မြတ်ဖန်ဆက်းထားသော ကျွန်ုတို့လူသားမျက်စိဖြင့်မ့မြင်နိုင်သေားအရာများပင်ဖြစ်သည်
ဒါကိုတချို့က တစေ သရဲးဟုပြေားဆိုနေကြသည်
ကျွန်ုပ်တို့အစ္စလာမ်တစ်ဦးတစ်ယောက်သေဆုံးသွာလျင် သေသူအားဂုစုလ်လုပ်ပေး ကဖန်ဖြင့်သေချာထုပ်ပိုး၍ကဗရ်တွင်းသို့မြှုပ်ရာတွင် (မင့်န်ဟာ ခလတ်က်နားကွမ် )ဆို၍ထိုဟမ်ဇားဒ်အားတစ်ခါတည်းထိုသေသူနှင့်မြှုပ်နှံလိုက်လေသည်
ကာဖိရ်တစ်ဦးသေဆုံးသွားလျင်ထိုသေသူအားမြေ မြှုပ်သည်ဖြစ်စေမီးရို့သည်ဖြစ်စေထိုသေသူ၏ဟမ်ဇားဒ်သည်ဒွန်ယာလေားကတွင် လှည့်ပတ်သွားလာနေသည်
အချို့ လူများသည် ကိုယ်မသန့်အောင်သေချာလုပ်၍အောက်လိုင်းနည်းများကိုသုံးပြီးထိုကာဖိရ်တို့၏ဟမ်ဇားဒ်များကိုအသားအစိမ်းများကျွေး၍ခေါပြီးမိမိလိုအပ်သည်များကိုခိုင်းလေသည်