Thursday, 14 November 2013

အချိန်မှန်အာဇာန်ဆိုမဲ့ဆော့ဝဲ

ဒီနေ့ မြန်မာမူဆလင်တွေအားလုံးအတွက် အသုံးဝင်မဲ့ ဆော်ဝဲ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဆော်ဝဲကနမည်ကြားရုံနဲ့ အစ္စလာမ်ဘာသာဝင်တွေအားလုံးသိပါတယ်... azan software လေးပါ...အဝေးရောက်နေတဲ့ မောင်နှမတွေ မြန်မာပြည်မှာနေပေမဲ့  တစ်ဖတ်သက်အာဇာန်သံကိုအသံကျယ်ကျယ် ဆိုခွင့်မပေးတဲ့ အာဏာပိုင်တွေရှိတဲ့အရပ်မှာရောက်နေတဲ့ အီမာန်ရှင်တွေ အာဇာန်သံကို computer ထဲမှာထည့်ထားရုံနဲ့ သူအချိန်နဲ့ သူ အာဇာန်ဆိုနေမှာပါ...ကွန်ပျူတာကိုဖွင့်ထားပေးရုံးနဲ့ နမာဇ်အချိန်ရောက်ရင် auto အာဇာန်ဆိုမှာပါ...
သိပြီးတဲ့လူများလည်းပါပါလိမ့်မယ်..မသိတဲ့လူးများအတွက်ရည်ရွယ်ပြီးဒီပိုစ်ကိုရေးရချင်ပါ.. မြန်မာပြည်မှာနေပေမဲ့
မကာ..မဒီနာ အီဂျစ် စတဲ့နိုင်ငံတွေက အာဇာန်သံကိုကြားစေချင်တယ်ဆိုရင်တော့အောက်မှာလင့်နှစ်ခုပေး
ထားပါတယ်.ကြိုက်တဲ့ လင့်ကနေဒေါင်းလိုက်ပါ....

Tuesday, 5 November 2013

အပင်ကပြောမဲ့အသံ

အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အနုပညာရှင် Leslie Garcia ကကိရိ ယာ တစ်ခုကို တီထွင် လိုက်ပါပြီ။ သက်ရှိလို့ ဆိုလိုက်တာနဲ့ အပင်တွေ ပါမှန်း သိကြပေမယ့် သူတို့ဟာ သက်ရှိ အဖြစ် ဆက်ဆံခြင်း ကိုတော့ မခံကြ ရရှာပါဘူး။ ပန်းတစ်ပွင့်ကို ခူး ဆွတ်တော့ မယ်ဆိုရင်၊ မြက်ခင်းပေါ် နင်းလျှောက် တော့မယ်ဆိုရင် အပင်လေး တွေဟာလည်း သက်ရှိ ပီသစွာ နာကျင်မှုကို ထုတ်ဖော် ပြသ ကြ တာပါပဲ။ ဒါတွေကို လူသားတွေ သိရှိနိုင် စေဖို့ အနုပညာရှင် Leslie Garcia ကကိရိယာ တစ်ခုကို တီထွင် လိုက်ပါပြီ။ အပင်တွေရဲ့ ဘာသာ စကားကို လူ့နားနဲ့ ကြားနိုင်တဲ့ အသံတွေ အဖြစ် ပြောင်းလဲဖို့ အသံချဲ့ စက်တွေ (amplifiers)၊ စွမ်းအင် သွင်ပြောင်း ကိရိယာ တွေ (tranducers) ကိုအနုပညာရှင် Leslie Garcia ကအသုံးပြု ခဲ့ပြီး အသံတွေ ကြားရအောင် လုပ်ဆောင် ခဲ့ပါတယ်။ ၁၉၄၉မှာ "The Sound Machine" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို Roald Dahl ကရေးသားခဲ့ ဖူးပါတယ်။ အဲထဲမှာ လူတစ်ယောက်က သာမန်နားနဲ့ မကြားနိုင်တဲ့ frequency နိမ့်တဲ့အသံ တွေကို ကြားအောင် စွမ်းဆောင် ပေးတဲ့စက် တစ်မျိုးကို တီထွင်ခဲ့ပြီး အပင်တွေ ကကမ္ဘာ လောကကြီးကို အသံပြု တုံ့ပြန် ကြတယ် ဆိုတာကိုပါ ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။