Thursday, 26 September 2013
Wednesday, 25 September 2013
အစ္စလာမ်ရဲ့ ဝတ်သားရှောင်ကျင်မှု
ဝက်သားကိုတားမြစ်ထားမှု
အစ္စလာမ်က ဝက်သား စားသုံးခြင်းကို တားမြစ်ထားတဲ့ အချက် ကတော့ လူသိများလှပါတယ်။ ဒီတားမြစ်ချက်နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းစုံကို အောက်ပါအချက်အလက်များက ရှင်းလင်းပြထားပါတယ်။
၁။ ကုရ်အာန်က ဝက်သားကို တားမြစ်ထားသည်။
ကုရ်အာန်က ဝက်သား စားသုံးမှုကို လေးနေရာထက် မနည်းမှာ တားမြစ်ထားပါတယ်။ တားမြစ်ချက်ကို ၂း ၁၇၃၊ ၅း ၃၊ ၆း ၁၄၅ နှင့် ၁၆း ၁၁၅ တို့မှာ တွေ့ရှိရပါတယ်။
“အသင်တို့အတွက် တားမြစ်ထားရာ (အစားအစာ) ကား အသေသား၊ သွေး၊ ဝက်သား၊ ... အလ္လာဟ်မှအပ ဖြစ်ရာတို့ကို ပူဇော်ပသ ဆက်ကပ်ထားရာတို့ ဖြစ် သတည်း။” [ ကုရ်အာန် ၅း ၃ ]
ကျမ်းမြတ်ကုရ်အာန်ရဲ့ အထက်ပါ အာယတ်တော်တွေ အရနဲ့တင် ဝက်သားကို ဘာကြောင့်တားမြစ်ထားရတဲ့အကြောင်းကိုတော့ မွတ်စလင်တစ်ဦးအဖို့ ကျေနပ်မှု အပြည့်အဝ လက်ခံဖို့ ရာ ဆေးပညာကလည်းထောက်ပြနေပါတယ်
ဘာကြောင့်သားကောင်းအားလည်လှီးရခြင်း
ဇဗီးဟာဟ်လို့ခေါ်တဲ့ သားကောင်များကို အစ္စလာမ့် တရားတော် အရ လှီးဖြတ်နည်းကို လူ တော်တော်များများကပဲ ဝေဖန် ဆန့်ကျင် ပြောကြားခဲ့ကြပါတယ်။ဇဗီးဟာဟ်နည်းဟာ အကြင်နာတရား ရှိရုံသာ မကပါဘူး၊ သိပ္ပံနည်းကျ ဆိုရရင်လဲ အကောင်းဆုံး ဆိုတာကို သက်သေထူပြနေတဲ့ အောက်ပါ အချက်အလက်များကို စဉ်းစားသုံးသပ် ကြည့်သင့်ပါတယ်။
၁။ အစ္စလာမ့်နည်းကျ သားကောင်ကို လှီးဖြတ်ခြင်း
ဇါက်ကိုင်းတွမ် ဆိုတဲ့ ကြိယာက ဇကားသ်(စင်ကြယ်သည်) ဆိုတဲ့ ရင်းမြစ် ဝေါဟာရကနေ ဆင်းသက်လာတာပါ။ ဒါရဲ့ အခြေခံပုံစံက တဇ်ကီယဟ် ဖြစ်ပြီး သန့်ပြန့်စင်ကြယ်ခြင်းလို့ ဆိုပါတယ်။ သားကောင် တစ်ကောင်ကို အစ္စလာမ့်နည်းကျ လှီးဖြတ်ဖို့အတွက် အောက်ပါအခြေ အနေများနဲ့ ကိုက်ညီနေဖို့ လိုအပ်ပါတယ်။
ကာဖရ် ရဲ့ အနက်သဘော
မွတ်စလင်မဟုတ်သူတို့ကိုကာဖရ်ဆို ပြီးရည်ညွှန်းပြောဆိုမှု
မွတ်စလင်တွေဟာ မွတ်စလင် မဟုတ်သူတွေကို ကာဖိရ်လို့ ခေါ်ဆို ကြခြင်းဖြင့် တစ်ဖက်သားအပေါ် ဘာကြောင့်များ စော်ကားမော်ကား ပြုနေကြရတာလဲဟုတစ်ဖတ်အနက်သဘောနားမလည်သူတွေကအမြဲမေးလေ့ရှီပါတယ်။
ကာဖရ်ဟူသည်မှာ ငြင်းပယ်သူကို ဆိုလိုသည်။
"ကာဖရ်" က "ကုဖရ်" ဆိုတဲ့ စကားလုံးက ဆင်းသက်လာ တာပါ။ "ဖုံးကွယ်ထားသည်" "ငြင်းပယ် ဖီဆန်သည်" ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အစ္စလာမ့်အခေါ်အဝေါ် အသုံးအနှုန်းအရ ပြောရရင် "ကာဖရ်" ဆိုတာဟာ အစ္စလာမ်ရဲ့ မှန်ကန်မှု သစ္စာကို "ဖုံးကွယ် ထားသူ" "ဖီဆန်ငြင်းပယ်သူ"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာမ်ကို ငြင်းပယ် ဖီဆန်သူကို အင်္ဂလိပ်လိုကျတော့ "မွတ်စလင်မဟုတ်သူ" (Non-Muslim) လို့ ခေါ်ကြတယ်လေ။
တကယ်လို့ မွတ်စလင် မဟုတ်သူ တစ်ဦးကို မွတ်စလင် မဟုတ်သူ (Non-Muslim) ဒါမှမဟုတ် ကာဖရ်လို့ သူ့ကို ခေါ်ခဲ့တယ် ထား။ အဓိပ္ပါယ်ချင်းက အတူတူပါပဲ။ ဒါကို သူက ဒါကတော့ ငါ့ကို စော်ကား မော်ကားလုပ်တာပဲလို့ ထင်မယ်ဆိုရင်ဖြင့် ဒါဟာ အစ္စလာမ်နဲ့ ပတ်သက်လို့ သူ့ဖက်က နားလည်မှု လွဲမှားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဘက်ကနေပြီး အစ္စလာမ်နဲ့ အစ္စလာမ့် ဝေါဟာရတွေကို ထဲထဲဝင်ဝင် နားလည်စေအောင် အခြေအမြစ် ကျကျအထိ အမှန်အကန် လိုက်ကြည့် နိုင်ဖို့က လိုပါတယ်။ ဒါဆိုရင်တော့ ဒါက ငါ့ကို စော်ကားမော်ကား ပြုနေတာမှ မဟုတ်ဘဲ ဆိုတာကို ခံစားမိသွားရုံမက အစ္စလာမ်ကိုပါ မှန်ကန်တဲ့ အမြင်နဲ့ သူ့ဘက်က မြင်တွေ့ နားလည် သွားနိုင်မှာ ဖြစ်ပါတယ်။
ကာဖရ် သည် အာရဗီစကား Kufr ဆိုသော verb မှဆင်းသက်လာသည်။အာရဗီ အဘီဓာန်တွင်အနက်သဘော ၃မျိုးထွက်သည်
1.To conceal(ဖုံးကွယ်ခြင်း)
2.To be ungratefu(ကျေးဇူးမသိခြင်း၊ကျေးဇူးကန်းခြင်း)
3.To deny or to reject.(ညင်းပယ်သူ၊ပယ်ချသူ)

ကုရ်ဘာန်နီခေါ် (သားကောင်အားစွတ်လွတ်လှုဒါန်းခြင်း)
အစ္စလာမ်သည် လောကီ လောကုတ္တရာနှစ်ဖြာလုံးနှင့်သက်ဆိုင်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ ဒါကြောင့် လောကီသက်သက်ရပ်တည်တဲ့ တရားတွေကို မသွန်သင်သလို၊လောကုတ္တရာသက်သက်အတွက်သာ ရပ်တည်နိုင်တဲ့ လမ်းတွေကိုလည်း မပြပါဘူး။ လောကီအတွက်ရပ်တည်ရင်းလောကုတ္တရာအကျိုးကို ဖြစ်ထွန်းစေတဲ့ လူသားထုကြီး တစ်ခုလုံး အလွယ်တကူ ကျင့်သုံးနိုင်တဲ့တရားတွေကိုသာ သွန်သင်ပါတယ် (ကြည့် ကုရ်အာန်ကျမ်းတော်မြတ်- အမြင့်မြတ်ဆုံးအရှင်ကဏ္ဍ၊ပါဒတော်၈၊ ဂါဝီကဏ္ဍ၊ပါဒတော် ၁၈၅နှင့် ဟဂ်ျကဏ္ဍ၊ပါဒတော် ၇၈)။
အစ္စလာမ့်သွန်သင်ချက်အရလူသားသည် အဆင့်အမြင့်ဆုံးဖန်ဆင်းခံဖြစ်ပြီး ခပ်သိမ်းသောစကြဝဠာနှင့် ထိုရှိ အခြားသက်ရှိသက်မဲ့အရာအားလုံးတို့သည်လူသားတို့အတွက် တရားလမ်းစဉ်နှင့်အညီ အသုံးချရန် အတွက်ဖြစ်သည်။ အရှင်မြတ် ဖန်ဆင်းထားသောအသက်ဇီဝိန်တစ်ခုမျှကိုပင် မတရား မသတ်ဖြတ်ဖို့ တိတိကျကျထားမြစ်ထားပြီးဖြစ်သည်(ကြည့်ကုရ်အာန်ကျမ်းတော်မြတ် သားကောင်များကဏ္ဍ၊ ပါဒတော် ၁၅၁)။ သို့ရာတွင် လူသားရပ်တည်မှုအတွက်လိုအပ်ပါက တရားလမ်းစဉ်နှင့် အညီတော့ ခွင့်ပြုထားပေသည် (ဥပမာ- အစားအစာအတွက်၊ လူသားမျိုးနွယ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက် စသည်)(ကြည့် ကုရ်အာန်ကျမ်းတော်မြတ် ပျားကောင်ကဏ္ဍ၊ ပါဒတော်၅ မှ ၈နှင့် အစ္စရာအီလီမျိုးနွယ်ကဏ္ဍ၊ ပါဒတော် ၃၃)။ အစ္စလာမ်က အလယ်အလတ်လမ်းစဉ်ကိုသာ သင်ကြားပြသပါသည်။အသားချည်းပဲ အစားကြူးရန် မသွန်သင်ထားသလို သားသတ်လွတ်ကြီးပဲ စားရန်လည်း မပြောထားပါ။သင်တင့်မျှတစွာ စားသုံးခိုင်းပါသည်။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ့်ကျမ်းတော်မြတ် ကုရ်အာန်သည် လူသားထုတစ်ခုလုံးကိုရည်ရွယ်သောကြောင့် သင်ကြားချက်များသည်လည်း လူသားထုတစ်ရပ်လုံးကို ရည်ရွယ်ပါသည်။ လူသားထုတစ်ရပ်လုံးအနေဖြင့်အသားဓာတ်အတွက် ပဲ၊နို့၊ လေဥများနှင့် တိရိစ္ဆာန်တို့အသားဓာတ်များမှ ထုတ်ယူထားသော အားဆေးတောင့်များကိုပဲမှီခိုရန် လုံးဝမဖြစ်နိုင်ပါ။ ကမ္ဘာပေါ်တွင် ယနေ့ကြုံတွေ့နေရသော ပရိုတင်းစွမ်းအင်ချို့တဲ့မှုရောဂါဆိုးအကြောင်းကိုလေ့လာလျှင် ပိုမို ထဲထဲဝင်ဝင် သိနိုင်ပါသည်။ ထို့ကြောင့်လည်း လူသား၏ အရှင်က လူသား၏အစာအိမ်အူလမ်းကြောင်းကို အစုံစားသတ္တဝါ (အသားရော ဟင်းသီးဟင်းရွက်ပါချေဖျက်နိုင်သည့်)ပုံစံဖြင့်ဖြစ်စေထားသည်။ တသီးပုဂ်ဂလအနေဖြင့် မိမိတွင် ရွေးချယ်ပိုင်ခွင့်ရှိပေသည်။
အစ္စလာမ်သာသနာ
ယနေ့သော်ကားငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြည့်စုံစေတော် မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည်မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေး သနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ “ဒီန်သာသ နာတော်အဖြစ်သဘောတူ နှစ်မြို့တော်မူခဲ့လေပြီ။” ၅း၃
အီမာမ် မွတ်စ်လင်မ်နှင့် အီမာမ် နစာအီ တို့သည် အထက်ပါအာယသ်တော်နှင့် ပတ်သက်ပြီး တင်ပြ သည်မှာ ၄င်းအာယသ်တော်သည် တမန်တော်မြတ် (ဆွ) နောက်ဆုံးဟဂ်ျ တာဝန်ထမ်းဆောင်နေစဉ် အာရဖတ် တောင်အနီးရှိနေခိုက် အဆိုပါ အာယသ်တော် ကျရောက်လာခြင်းဖြစ်သည်။ အထက် ပါအာယသ်တော်သည် အစ္စလာမ်သာသနာ၏ ပြည့်ဝခြင်းနှင့် ကုန်လုံခြင်းကို ဖေါ်ပြလေသည်။ တိတိ ကျကျဖေါ်ပြရလျှင် အောက်ပါ အချက် ၃ ချက်ကို မြင်တွေ့နိုင်သည်။
(၁) အစ္စလာမ်ဘာသာသည် အကြောင်းအရာနှင့် ၀တ္ထုအစုံတို့၏ သဘောတရားကို တင်ပြဆွေးနွေး ထား၏။
(၂) အစ္စလာမ် ဘသာသည် ပြည့်ဝသော စနစ်တစ်ခု အဖြစ် ၄င်းတို့၏ အရည်အသွေးနှင့် စွမ်းအားကို ပြသလေသည်။
(၃) အစ္စလာမ်သာသနာသည် အလ္လာဟ်အရှင် နှစ်သက်သည့် ဘာသာ၊ လူတိုင်းကို ကိုယ်စားပြု့သည် ဘာသာဖြစ်သည်။ လူသဘာဝနှင့် အစ္စလာမ်ဘာသာ၏ သဘောသည် သင့်တင့်လျှောက်ပတ်၏။
Sunday, 22 September 2013
Friday, 20 September 2013
အာလူး
တစ်ခါတုန်းကကျောင်းတစ်ကျောင်းရဲ့ အကျောင်းခန်းတစ်ခုမှာကျောင်းသူကျောင်းသားတွေဟာဘယ်တော့မှမတဲ့ဘူး.အမြဲစကားများရန်ဖြစ် တစ်ယောက်နဲ့ တစ်ယောက်အမြဲမကောင်းကြံလေ့ရှိတယ်။တစ်နေ့ မူလတန်းကျောင်းမှာ ကျောင်းဆရာမတစ်ယောက်ဟာ သူရဲ့ ကျောင်းသင်ခန်းထဲမှာရှိတဲ တပည့်ကျောင်းသူ၊ကျောင်းသားတွေကို သင်ခန်းစာတစ်ခုပေးခဲ့တယ်။ သင်ခန်းစားကတော့ ကျောင်းသားကျောင်းသူတို့  မနက်ဖြန်အိမ်ကနေကျောင်းကိုလာရင် အာလူးတွေယူလာရမယ်တဲ့ အဲ့ဒီလိုအာလူးကိုယူလာရင် အဲ့ဒီအာလူးတွေထဲမှာကိုယ်မုန်းတဲ့ မကြိုက်နှစ်သက် သူတစ်ယောက်စီရဲ့ နမည်ကို အာလူးတစ်လုံးမှာတစ်ယောက်နမည်တွေရေးပြီးယူလာရမယ်ဆိုပြီးသင်ခန်းစားတစ်ခုပေးလိုက်ပါတယ်။
သင်ခန်းစားအတိုင်းကျောင်းသူကျောင်းသားတွေလည်း သူတို့ မုန်းတဲ့ မကြိုက်နှစ်တဲ့လူတွေရဲ့ နမည်ကိုအာလူးတွေပေါ်မှာရေးပြီးယူလာကျတယ်။တစ်ချို့ က တစ်လုံး၊တစ်ချို့ က နှစ်လုံး၊ တစ်ချို့ က လေးလုံးအထိတောင်ပါတယ်၊ကျောင်းသား တစ်ယောက်နှစ်ယောက်လောက်ဘဲ အာလူးတစ်လုံးမှမယူလာဘူး...ဒီလိုနဲ့ ကျောင်းကိုရောက်တော့ဆရာမကတပည့် တို့ ဒီအာလူးတွေနေတိုင်းသယ်လာရမယ်... တပည့်တွေလည်းနေတိုင်းသယ်လာကြတယ် .. အချိန်တပတ်လောက်ကြာတော့ ကျောင်းသားတွေဟာ ဆရာမဆီသွားပြီး ကျွန်တော် တို့ ဒီအာလူးတွေကိုဆက်ပြီးမသယ်ချင်တော့ဘူးတဲ့ ဒီအာလူးတွေဟာအချိန်ကြာလာဒါနဲ့ အနံ့တွေဆိုးလာတယ်.နေတိုင်းသယ်လာရတဲ့ အတွက်အတော်ကိုပင်းပန်းနေပြီးတဲ့... ဒါနဲ့ 
Subscribe to:
Posts (Atom)