မွတ်စလင်တွေဟာ မွတ်စလင် မဟုတ်သူတွေကို ကာဖိရ်လို့ ခေါ်ဆို ကြခြင်းဖြင့် တစ်ဖက်သားအပေါ် ဘာကြောင့်များ စော်ကားမော်ကား ပြုနေကြရတာလဲဟုတစ်ဖတ်အနက်သဘောနားမလည်သူတွေကအမြဲမေးလေ့ရှီပါတယ်။
ကာဖရ်ဟူသည်မှာ ငြင်းပယ်သူကို ဆိုလိုသည်။
"ကာဖရ်" က "ကုဖရ်" ဆိုတဲ့ စကားလုံးက ဆင်းသက်လာ တာပါ။ "ဖုံးကွယ်ထားသည်" "ငြင်းပယ် ဖီဆန်သည်" ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။ အစ္စလာမ့်အခေါ်အဝေါ် အသုံးအနှုန်းအရ ပြောရရင် "ကာဖရ်" ဆိုတာဟာ အစ္စလာမ်ရဲ့ မှန်ကန်မှု သစ္စာကို "ဖုံးကွယ် ထားသူ" "ဖီဆန်ငြင်းပယ်သူ"ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ အစ္စလာမ်ကို ငြင်းပယ် ဖီဆန်သူကို အင်္ဂလိပ်လိုကျတော့ "မွတ်စလင်မဟုတ်သူ" (Non-Muslim) လို့ ခေါ်ကြတယ်လေ။
တကယ်လို့ မွတ်စလင် မဟုတ်သူ တစ်ဦးကို မွတ်စလင် မဟုတ်သူ (Non-Muslim) ဒါမှမဟုတ် ကာဖရ်လို့ သူ့ကို ခေါ်ခဲ့တယ် ထား။ အဓိပ္ပါယ်ချင်းက အတူတူပါပဲ။ ဒါကို သူက ဒါကတော့ ငါ့ကို စော်ကား မော်ကားလုပ်တာပဲလို့ ထင်မယ်ဆိုရင်ဖြင့် ဒါဟာ အစ္စလာမ်နဲ့ ပတ်သက်လို့ သူ့ဖက်က နားလည်မှု လွဲမှားသွားတာကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဘက်ကနေပြီး အစ္စလာမ်နဲ့ အစ္စလာမ့် ဝေါဟာရတွေကို ထဲထဲဝင်ဝင် နားလည်စေအောင် အခြေအမြစ် ကျကျအထိ အမှန်အကန် လိုက်ကြည့် နိုင်ဖို့က လိုပါတယ်။ ဒါဆိုရင်တော့ ဒါက ငါ့ကို စော်ကားမော်ကား ပြုနေတာမှ မဟုတ်ဘဲ ဆိုတာကို ခံစားမိသွားရုံမက အစ္စလာမ်ကိုပါ မှန်ကန်တဲ့ အမြင်နဲ့ သူ့ဘက်က မြင်တွေ့ နားလည် သွားနိုင်မှာ ဖြစ်ပါတယ်။
ကာဖရ် သည် အာရဗီစကား Kufr ဆိုသော verb မှဆင်းသက်လာသည်။အာရဗီ အဘီဓာန်တွင်အနက်သဘော ၃မျိုးထွက်သည်
1.To conceal(ဖုံးကွယ်ခြင်း)
2.To be ungratefu(ကျေးဇူးမသိခြင်း၊ကျေးဇူးကန်းခြင်း)
3.To deny or to reject.(ညင်းပယ်သူ၊ပယ်ချသူ)
No comments:
Post a Comment