စလာမ်ဟူသည်(၁) အရှင်မြတ်အားတသခြင်း
(၂)ဆုံတွေ့ သူအားသတိပေးခြင်း
(၃)ညီနောင်မွတ်ဆလင်နှင့်ခင်မင်ဆက်သွယ်မှုရှိကြောင်းဖေါ်ထုတ်ခြင်း
(၄(ကျွန်ုပ်၏နှုတ်၊လက်ကြောင့် အသင့်အားမည်သို့ မျှဒုက္ခမရောက်စေရပါဟုကတိပေးခြင်း
တို့ ဖြစ်သည်။
စကားမပြောမီစလာမ်စပေးရမည်။စလာမ်သည်အရှင်မြတ်၏နာမတော်ဖြစ်သည်။ငြိမ်းချမ်းသာယာမှုအပေါင်း
ချီးမြှင့်တော်မူသောအရှင်ဟု အစိပ္ပါယ်ရသည်။
တမာန်တော်အာဒမ်(အလိုင်ဟစ္စလာမ်)သည်မလာအိကဟ်(ကောင်းကင်တမန်)များနှင့်စတင်ဆုံတွေ့ သော
အခါဦးစွာစလာမ်ဆက်သ၏။မလာအိကဟ်များက စလာမ်ကိုဖြေကြားတုံပြန်ကြသည်။ စလာမ်ဆိုခြင်းသည်စွန္နသ် တုံ့ ပြန်ခြင်းသည်ဝါဂျစ်ဗ် စလာမ်ဖြေကြားမှူသည်စလာမ်ပေးသည်ထက်သာပိုကောင်းမွန်ရမည်။
ကာဖွရ်
ကစလာမ်ပေးလာလျှင်(၀အလိုင်ကဖ်)ဟုသာဖြေကြားရသည်။မွတ်ဆလင်ကိုမူ၎င်းထက်ပိုစလာမ်ဖြေကြားရမည်။
စလာမ်ပေးရန်တွန့် တိုသူသည်စေးနည်းသူဖြစ်သည်။အချင်းချင်းစလာမ်ပေးယူကြလျှင်အချစ်တိုးမည်။စလာမ်ပေး
သူသည်မာနစိတ်ကိုယ်ကိုယ်စိတ်ကြီးဝင်နေမှုမှကာကွယ်မှုရသည်။လွတ်မြေက်မည်။အရှင်မြတ်ထံအဆင့်တန်းမြင့်မားမည်။နေ့ စဉ်အကြိမ်
၂၀ စလာမ်ပေးပါ။ယင်းတို့ စလာမ်ပေးသည့် နေ့ တွင်သေဆုံးပါက ဂျန္နသ်တို့ ဝင်ရမည်။ သိသူဖြစ်စေ၊မသိသူဖြစ်စေ၊ကိုယ်ထက်အသက်ကြီးသူဖြစ်စေ ငယ်သူဖြစ်စေ အဆင့်မြင်သူဖြစ်စေ၊သာမန်လူဖြစ်စေ တွေ့ ဆုံတိုင်းဦးစွာစလာမ်ပေးပါ။
အမည်တပ်ပြီးစလာမ်ဆက်သလျှင်အမည်ရှင်ကဖြေကြားရန်ဝါဂျစ်ဗ်ဖြစ်သည်။
အခြားသူက၀င်ဖြေလျှင်တာဝန်မကျေ။
စလာမ်ပေးရန်မလိုသော်သူ
(၁)အပေါ့လေးသွားနေသူ
(၂)ဇိကိရ်မွေ့ လျော်နေသူ
(၃) သာသနာ့ပည်ာရေးဆွေးနွေးနေကြသူ
(၄)နမာဇ်ဖတ်နေသူ
(၅)လောင်းကစားနေသူ ၊အရက်သောက်သုံးထားသူ(၀ါ)အရက်သမား
(၆)မွတ်ဆလင်မဟုတ်သော်သူ
(၇)သူစိမ်းအပျိုမိန်ခလေး စသည်သူတို့ ကိုစလာမ်ပေးရန်မလိုအပ်ပေ။
ပြန်ဆိုရေးသားသူ အလ်ဟာဂ်ျမော်လာနာဟာဖိဇ်အဗ်ဒုလ်ကာဒိရ်(မဟ်မူဒီ) ရဲ့  မတ်နဗီ၏စံပြကိုယ်ကျင့်တရားများ စာအုပ် မှ။
No comments:
Post a Comment