Thursday, 2 January 2014

မေ့လျော့နေတဲ့ သင်

တစ်ခါတရံပေါ့ ကျတော်တို့ တွေ မေ့လျော့နေခဲ့ တယ်.. သင်က လစာ တစ်လ တစ်သိန်းကျော် 
ရတဲ့ လူတစ်ယောက်ဆိုပါတော့ အိမ်ကို လစာ တစ်ဝက်ကျော်ပေးတယ် သင် ဒါကိုတာဝန်ကျေတယ်နေပီလို့ မထင်ပါနဲ့  အဓိက ကျတော်တို့ က လစာကို အမေကို ပေးတယ် ( ဖခင်ကိုကြတော့ မေ့လျော့နေခဲ့ တယ်။ ) ဘယ် ဖခင်ကမှ ငါ့သား အဖေ့ကို ပုဆိုးတစ်ထည်လောက်တောင် မ၀ယ်ပေးဘူးလားကွာ ဟို အကျီလေး လှတယ် မင်းအလုပ်က ပြန်လာရင် တစ်ထည်ဆွဲခဲ့ ကွာ (ဘယ်တော့မှ မပြောတတ်ပါဘူး။ )အမေဆိုတာမျိုးက မိန်းမသားပီပီ ဟိုဟာလည်း လိုချင်တယ် ၊ ဒီဟာလေးက ဘယ်လိုသက်သာလို့ လိုချင်တယ် ပူဆာတတ်ပေမယ့် အဖေတွေကတော့ မတူပါဘူး။) သင့်ရဲ့  သိတတ်တဲ့ စိတ်လေးထဲကပဲ အဖေ့အတွက် ပုဆိုးတစ်ထည် အကျီတစ်ထည်အမေ့အတွက် လစာ ငါးသောင်း ဆိုပီး အဖေ့ကိုပါ စိတ်ထဲထားပီး ၀ယ်ပေးလှည့်ပါ.. မိတ်ဆွေ ၀ယ်ပေးတဲ့  ပုဆိုးအရောင်က ကုလားအဆင်ပဲဖြစ်နေပါစေ။ ဘယ်လောက်ပဲ တန်ဖိုးနည်းနေပါစေ ဖခင်ရဲ့  စိတ်ထဲမှာ ကြည်နူးပိတိက မိုးထိတိုင်အောင်ပါပဲ.... ( ဖခင် မေ့လျော့ခြင်း မရှိသော သူများဖြစ်ကြပါစေ ) credit~~ငရုတ်ပုလင်း

No comments:

Post a Comment